နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်နေ့လျှင် သစ်တော်သီးတစ်လုံးစားပေးခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျစေနိုင်

ဇူလိုင်  ၂၁


တစ်နေ့လျှင် သစ်တော်သီးတစ်လုံးစားခြင်းသည် ကိုယ်အလေးချိန်များ လျော့ကျစေနိုင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ လေ့လာမှုအသစ်တစ်ခုအရ သစ်တော်သီးများနှင့် ကိုယ်အလေးချိန် လျော့ကျမှု အကြားက ပတ်သက်ဆက်နွှယ်နေမှုကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သစ်တော်သီးများ ပုံမှန်စားသုံးလေ့ရှိသူသည် အဝလွန်ရောဂါဖြစ်ရန် ၃၅ ရာခိုင်နှုန်း အခွင့်အလမ်းနည်းစေ သည်ကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို့အပြင် လေ့လာမှုက ထပ်မံတွေ့ရှိလာခဲ့သည်မှာ သစ်တော်သီးစားသုံးခြင်းသည် အကောင်းဆုံး ဝိတ်ချနည်းတစ်ခုဖြစ်သည်။

သစ်တော်သီးများသည် ဗီတာမင်စီ ကြွယ်ဝစွာပါ၀င်သည့်အပြင် ဖိုက်ဘာများရရှိရန်လည်း အကောင်းဆုံး အရင်းအမြစ်ဖြစ်သည်။ သာမန်အရွယ်အစား သစ်တော်သီးတစ်လုံးသည် နေ့စဉ်လိုအပ်သည်ဆိုသည့် ဖိုက်ဘာ ၂၄ ရာခိုင်နှုန်းပါ၀င်ပြီး ကယ်လိုရီအားဖြင့် ၁၀၀ သာ ပါ၀င်နေကြောင်း သိရသည်။

ထို့အပြင် သစ်တော်သီးသည် အဆီ၊ ကိုလက်စထရောနှင့် ဆိုဒီယမ်တို့ ကင်းစင်ပြီး ပိုတက်ဆီယမ်လည်း ၁၉၀ မီလီဂရမ်သာ ပါ၀င်နေခြင်းဖြစ်သည်။

သုတေသီများသည် သစ်တော်သီးစားသုံးခြင်းနှင့် အာဟာရဖြည့်တင်းမှု၊ အာဟာရလုံလောက်မှု၊ ကိုယ်အလေးချိန်လျော့ကျစေမှုနှင့် နှလုံးသွေကြောဆိုင်ရာပြဿနာဖြစ်နိုင်မှုများကို စူးစမ်းလေ့လာခဲ့ကြခြင်း ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ