ရန်ကုန် ဇူလိုင် ၂၁
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသုံးခွမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဗို့အားပြည့်ဝစွာရရှိစေရေး ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် စီမံချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိသည်။ ဇူလိုင်၂၀ ရက် နံနက် ၁၁ နာရီက အမှတ် (၁)ရပ်ကွက် မင်းရဲကျော်စွာ လမ်းတွင်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ၄၀၀ ဗို့ဓာတ်အားလိုင်း၌ ပေ ၂၄၀၀ HDBC ကြေးကြိုးများကို သုံးပင်လေးကြိုးလျှပ်ကာပါသည့် ABC95mm2 ကြိုးများဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင် နီယာ ဦးသက်မောင်ထွေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိုင်းမင်းများ ပြင်ပအကူလုပ်သားများက လျှပ်ကာပါကြိုးဖြင့် အစားထိုးလှဲလှယ်ပေးခဲ့စဉ်။
ကိုကျော် (သုံးခွ)