နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်ပင်အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)သောက်သုံးရေအဖြစ် ပြည်သူသုံးစွဲမှုလျော့နည်း ပုဂ္ဂလိကသောက်သုံးရေ အရောင်းသွက်

ရန်ကုန် ဧပြီ ၁၁ ရန်ကုန်တိုင်းတွင် နေထိုင်သောပြည်သူများ စည်ပင်သာယာအင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ရေအားသောက်သုံးရေအဖြစ်သုံးစွဲခြင်းလျော့နည်းလာသည်။ ယခုပြည်သူသာလျှင်အဓိကဟု ဦးတည် မီးမောင်းထိုးထားသလို အခြေခံပြည်သူအများစုအတွက် စည်ပင်သာယာအင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ကဖြန့်ဖြူးသည့်ရေသောက်သုံးရေအဖြစ် စိတ်ချမ်းမြေ့စွာ သုံးစွဲနိုင်အောင်ဆောင်ရွက်ပေးရန် ဆန္ဒရှိကြသည်။ မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)သည် ရေကိုစီမံခန့်ခွဲလုပ် ကိုင်နိုင်ပြီး အခြေခံပြည်သူအများ စိတ်ချမ်းမြေ့စွာ သောက်သုံးနိုင်သော ပုဂ္ဂလိကသောက်ရေသန့်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးရန်လိုတယ်ဟု တစ်ချိန်က ဂျိုးဖြူရေကိုသောက်သုံးခဲ့သော အဘိုးတစ်ဦးက ပြောသည်။ စည်ပင်သာယာအင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ရေပိုက်သွယ်တန်းထားသော ပြည်သူများထံက ရေမီတာအခြေခံပြီး တစ်လတစ်ကြိမ် ရေသုံးစွဲခငွေကောက်သော သုံးရေတစ်မျိုးအဖြစ် သာသုံးစွဲနေကြသည်။ ထူးသစ္စာအောင်






အခြားဆက်စပ်သတင်းများ