နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့

မြစ်ကြီးနား ဇူလိုင် ၂၁


ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာပြီး ရှဒူဇွပ် ကျေးရွာအနီးရှိ မြစ်ကြီးနား-တနိုင်းသွားကားလမ်း၌ ရေအနက် ၄ ပေခန့်နှင့် အလျား ၄၀၀ မီတာခန့်ချောင်းရေ ကျော်တက်ခဲ့သဖြင့် ရှဒူဇွပ်ကျေးရွာမြေနိမ့်ပိုင်းရှိ အိမ်ခြေ ၂၀၀ ခန့်အမြင့် ၂ ပေမှ ၅ ပေခန့်အထိ ချောင်းရေ ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

အဆိုပါ ချောင်းရေဝင်ရောက်ခဲ့သော နေအိမ်များမှ အိမ်ထောင်စု ၂၀၀ ကို ဇူလိုင် ၂၀ ရက်တွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ရေဘေးလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး သောက်သုံးရေများ၊ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တောင်ချချောင်းရေစီးဆင်းမှုကြောင့် မြစ်ကြီးနား-တနိုင်းသွားကားလမ်း၊ ဂျာဘူတောင်နှင့် ခေါင်လောယန်အကြားရှိ သံပိုက်ထည့်ထားသည့် ရေထွက်ပြွန်သည် ရေတိုက်စားမှုကြောင့် ကောင်းစွာစီးဆင်း နိုင်ခြင်းမရှိဘဲ ချောင်းရေများကားလမ်းပေါ်သို့ ကျော်တက်ခြင်း၊ ရေထုတ်ပြွန်ပြုတ်ထွက်မှုကြောင့် လမ်းအကျယ် ၁၅ ပေခန့် ပြိုကျပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ သွားလာနိုင်ခြင်းမရှိဘဲ လမ်းကြောင်း ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ကန်ပိုက်တီးမြို့၏ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုက်တီး လမ်းမကြီး၌လည်း ဇူလိုင် ၁၉ ရက်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်း အကျယ် ၄၀ ပေ၊ အမြင့် ၁၅ ပေ၊ အလျား ၅၀ ပေခန့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် နေရာများ၌ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ပူးပေါင်း၍ ဘက်ဟိုးယာဉ်များဖြင့် လမ်းများပေါ်တွင် ပိတ်ဆို့နေသော မြေများဖယ်ရှားရှင်းလင်း ခြင်း၊ လမ်းများကို ပြန်လည်ပြင်ဆင်ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


အောင်အောင်






အခြားဆက်စပ်သတင်းများ