နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့နှင့် ပြည်သူ့ အတွက် SKY NET တို့ သန်လျင် နှင့် ကျောက်တန်းမြို့များရှိ ဘိုးဘွားရိပ်သာ နှင့် ပရဟိတလူငယ်သင်တန်းကျောင်းသို့ သွားရောက်လှူဒါန်း

ရန်ကုန် ဧပြီ ၁၁ ဧပြီ ၁၀ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦဖြိုးမင်းသိန်းနှင့် ဝန်ကြီးများဦးဆောင်၍ ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့နှင့် SKY NET တို့မှ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ ရှိ လုမ္ပနီဘိုးဘွားရိပ်သာသို့ သွားရောက်ကာ အခြေခံစားသောက်ကုန် များ စုပေါင်းလှူဒါန်းခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးဆောင်သည့် လှူဒါန်းမှုကို ဘိုးဘွားရိပ်သာတာဝန်ရှိသူများက လက်ခံရယူပြီး ဝန်ကြီးချုပ် နှင့်အဖွဲ့က ဘိုးဘွားများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် ကျောက်တန်းမြို့သို့ ဆက်လက်ထွက်ခွာလာပြီး စိန်မေရီ ပရဟိတလူငယ်‌စောင့်ရှောက်ရေး သင်တန်းကျောင်းသို့ ရောက်ရှိလာရာ ဝန်ကြီးချုပ်က လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် အစိုးရအဖွဲ့၏ COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ပြောကြားခဲ့ပြီး တာဝန်ရှိဆရာမတစ်ဦးက လှူဒါန်းမှုအတွက် ဆုမွန်တောင်းမေတ္တာပို့သပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ် နှင့် အဖွဲ့က ပရဟိတလူငယ်‌စောင့်ရှောက်ရေး သင်တန်းကျောင်းရှိ အမျိုးသမီး ငယ်လေးများအတွက် အခြေခံစားသောက်ကုန်များကို စုပေါင်းလှူဒါန်းခဲ့ပြီး သင်တန်းသူ အမျိုးသမီးငယ်များ က တေးသံသာများဖြင့် တီးခတ်ဖျော်ဖြေခဲ့ကြသည်။ ယခုလှူဒါန်းမှုတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လှူဒါန်းငွေ ကျပ်(၃၆,၀၀၀,၀၀၀)ကျပ်၊ ဦးဆောင်၍ ဘာသာပေါင်းစုံ မိတ်ဆွေများအဖွဲ့(ဗုဒ္ဓဘာသာ(ထေရဝါဒ+မဟာယန) လှူဒါန်းငွေ ကျပ် (၅၁,၅၃၀,၀၀၀)ကျပ်၊ ခရစ်ယာန်လှူဒါန်းငွေကျပ်(၂၅,၆၀၀,၀၀၀)ကျပ်၊ဟိန္ဒူလှူဒါန်းငွေကျပ် ၁၆,၃၃၇,၅၀၀ ကျပ်၊အစ္စလာမ်လှူဒါန်းငွေ ကျပ် ၁၂,၉၀၀,၀၀၀ ကျပ်၊ ပြည်သူ့အတွက် SKY NET လှူဒါန်းငွေကျပ် ၂၇၀,၀၀၀,၀၀၀ ကျပ် စုစုပေါင်း လှူဒါန်းငွေတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၇၂၃၀)ကျောင်း၊ သီလရှင်ကျောင်း ၉၀၁ ကျောင်း၊ ပရဟိတဂေဟာ ၂၆၄ ခု၊ ဘိုးဘွားရိပ်သာ ၈ ခု၊ ဘာသာရေးစာသင်ကျောင်းတိုက် ၁၀၈ ခုတို့ အား ဆန်အိတ် ၈၀၀၀ ၊ ဆီ ၅၀ ကျပ်သားပုလင်း ၃၂,၀၀၀ ၊ ဆား ၅၀ ကျပ်သားထုပ် ၃၂၀၀၀ ၊ ထောပတ်ပဲပိဿာ ၂,၀၀၀ ၊ ငါးသေတ္တာဘူး ၂၀၀,၀၀၀ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၄၀၀၀ ကျော် လှူဒါန်းခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့






အခြားဆက်စပ်သတင်းများ