ကော့သောင်း ဇူလိုင် ၂၁
ကော့သောင်းမြို့ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း စားသောက်ရေးကိစ္စများ တစ်စိတ်တစ်ဒေသအဆင်ပြေကြစေရန် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ များမှ ပြည်သူများအား အခြေခံစားကုန်များတစ်ပိုင်တစ်နိုင် အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ လှူဒါန်းလျက်ရှိရာ ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာအုပ်စု ခရူကျွန်း၊ ရွာသာယာကျေးရွာ ပြည်သူများသို့ အခြေခံစားကုန်များလိုက်လံဖြန့်ဝေလှူဒါန်းခဲ့စဉ်။
မိုးခါး