ကော့သောင်း ဇူလိုင် ၂၁
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်းရောက်ရှိရပ်နားထားသည့် MT QIAN TAI 1 ပင်လယ်ကူးသင်္ဘောမှ Sign off ထွက်လာသည့် နေရပ်ပြန်မြန်မာသင်္ဘောသား ၁ဝ ဦး ဇူလိုင် ၂၀ ရက် ည နေပိုင်းက ကော့သောင်းမြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာရာ ကော့သောင်းမြို့တွင် Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သင်္ဘောပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား ၁ဝ ဦးသည် ကော့သောင်းမြို့ တွင် ကြိုတင်ရောက်ရှိနေသော သင်္ဘောပေါ်သို့ Sign on တက်ရောက်မည့် Captain ဦးမြတ်မိုးပါ မြန်မာသင်္ဘောသား ၁ဝ ဦးဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများဖြစ်သည်။
အဆိုပါ သင်္ဘောသည် INK MARINE CO.,Ltd မှ ကုန်စည်ပို့ဆောင်သည့်သင်္ဘောဖြစ်ပြီး မလေးရှား နိုင်ငံမှတစ်ဆင့် ကော့သောင်းမြို့နယ် ရေပြင်ပိုင်နက်အနီးသို့ ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက ရောက်ရှိလာ ခြင်းဖြစ်ပြီး သင်္ဘောပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား ၁ဝ ဦးကို ဆိပ်ကမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့်ကျန်းမာရေးဌာနမှတာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine ၂၁ ရက် ထားရှိပြီး ယင်းတို့၏ Swb နမူနာများကို ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးခါး