သုံးခွ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများ COVID-19 ရောဂါကူးစက်ခြင်းများမဖြစ် ပေါ်စေရေး ကြိုတင်ကာကွယ်ရေးအတွက်၊ နှာခေါင်းစည်း Mask များ၊ ကလိုရင်းဆေးမှုန့်များ၊ Apron (ရင်ဘတ်ကာ)များ၊ လက်အိတ်များကို ဇူလိုင် ၂၁ ရက်၊ နံနက်ပိုင်းက အ-ထ-ကကျောင်းများနှင့် အ-ထ-က(ခွဲ) ကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့စဉ်။
စည်သူလင်း(ပြန်/ဆက်)