နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျွန်းလှတွင် တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုသင်တန်း ၆ မျိုးဖွင့်ပွဲကျင်းပ

ကျွန်းလှ ဇူလိုင် ၂၀ 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် COVID-19 ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေးစီမံချက်အရ တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုသင်တန်း ၆ မျိုး ဖွင့်ပွဲကို ဇူလိုင် ၂၀ ရက်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းလွင်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးနိုင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်း ၆ မျိုးကို အဖွဲ့ ၃ ဖွဲ့ ခွဲပြီး နေရာငါးနေရာတွင် သင်တန်းသား ၆၀၀ ဦး တို့ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအပြီး သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးကုသရေးဦးစီးဌာနရုံးမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ကျွဲ ၇၂၆၈ ကောင်၊ နွား ၅၅၉၈၃ ကောင်၊ ဆိတ် ၁၅၉ ကောင်၊ ဝက် ၂၉၇၅၄ ကောင်၊ ကြက် ၁၈၆၇၂၂ ကောင်နှင့် မေထုတ်မဲ့သားစပ်နွား ၂၄၅ ကောင် မွေးမြူထားပြီး တစ်ပိုင်တနိုင် နွားစာမြက် များလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


မျိုးဝင်းညို(ကျွန်းလှ)






အခြားဆက်စပ်သတင်းများ