နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေး ကျောက်ဝိုင်းအား COVID-19 ကာကွယ်ရေး စည်းကမ်းများနှင့်ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်

မန္တလေး  ဇူလိုင်  ၂၀


မန္တလေးကျောက်ဝိုင်းကို COVID-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်ကိုက်ညီမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြေညာချက်ထုတ်ပြန်ထားသည်။

အဆိုပါ ညွှန်ကြားချက်တွင်  COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာညွှန်ကြားချက်များ အား COVID-19  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများသို့တင်ပြ၍ စစ်ဆေးမှုခံယူစေပြီး စံနှုန်းများနှင့်ကိုက်ညီမှုရှိပါက စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ ကိုယ်ကာယကြံ့ခိုင်မှုဝန်ဆောင်မှုလုပ်ငန်း၊ ဘိလိယက်၊ စနူကာလုပ်ငန်း၊ Spa အလှပြင်ဆိုင်၊ အကြောပြင်လုပ်ငန်းနှင့် ကျောက်ဝိုင်းကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားသည် ။

" ပြန်ဖွင့်ဖို့အတွက် တိုင်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ အကြောင်းကြားထားတာရှိတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပြီးပြီ"ဟု ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောသည်။

မန္တလေးမြို့တွင် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန် ကျောက်ဝိုင်းကို ပြီးခဲ့သည့် မတ်လ နောက်ဆုံး ပတ်ကစတင်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားခဲ့သည်။

မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ ၈၈ လမ်း၊ ၈၉ လမ်း၊ ၃၉ လမ်း နှင့် လမ်း ၄၀ ကြားရှိ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း(ကျောက်ဝိုင်း)သည် မြန်မာနိုင်ငံတွင် အကြီးဆုံးကျောက်မျက်ရတနာ စျေးတစ်ခုဖြစ်ပြီး နေ့စဉ်ဝင်ထွက်အရောင်းအဝယ်ပြုလုပ်သူ ငါးသောင်းကျော်ရှိသည်။

                                                                 

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ