နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ရေကြီးရေလျှံ၍ ရှားပါးကြံ့ရှစ်ကောင်အပါအဝင် တိရစ္ဆာန် ၁၀၀ ကျော် သေဆုံး

ဇူလိုင် ၂၀၊ နယူးဒေလီ


မကြာသေးမီက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရှားပါးသည့် ကြံ့ရှစ်ကောင် အပါအဝင် သားရဲတိရစ္ဆာန် ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံ အရာရှိများက ပြောသည်။ အာသံပြည်နယ်ရှိ ကာဇီရန်ဂါအမျိုးသားဥယျာဉ်မှာ ကမ္ဘာပေါ်တွင် ဦးချိုတစ်ချောင်းပါ ကြံ့အကောင် ရေအများဆုံးဥယျာဉ်ဖြစ်သည်။ ဦးချိုတစ်ချောင်းပါ ကြံ့များမှာ ယခုရာစုနှစ်တွင် မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေ ရင်ဆိုင်နေရသည်ဟု ဆိုသည်။ 

ယခုနှစ် မုတ်သုံမိုးရွာသွန်းချိန်တွင် ကာဇီရန်ဂါအမျိုးသားဥယျာဉ်၏ ၈၅ ရာခိုင်နှုန်းနီးပါး ရေဖုံးလွှမ်းခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် အာသံပြည်နယ်၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာရသူသန်းချီ ရှိခဲ့သည်။ ယူနက်စ်ကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နေရာဖြစ်သည့် ကာဇီရန်ဂါအမျိုးသားဥယျာဉ်တွင် ဦးချိုတစ်ချောင်းပါ ကြံ့အကောင်ရေ အနည်းဆုံး ၂၄၀၀ ရှိသည်။ ရေကြီးရေလျှံမှုကြောင့် ကြံ့ရှစ်ကောင် သေဆုံးရသည့်အပြင် အခြားကြံ့တစ်ကောင်မှာလည်း ပြင်ပပယောဂမပါဘဲ သေဆုံးခဲ့သည်။ သမင်များ၊ ကျွဲများ၊ ဖြူကောင်များအပါအဝင် အခြားတိရစ္ဆာန်ဒါဇင် ပေါင်းများစွာလည်း ရေနစ်သေဆုံးခဲ့သည်။ ထို့အပြင် အခြားတိရစ္ဆာန်အချို့မှာလည်း ရေဘေးနှင့် ကင်းလွတ်ရာသို့ ထွက်ပြေးရန် ယာဉ်များတိုက်၍ သေဆုံးခဲ့သည်။                                     

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ