နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သေဒဏ်ချမှတ်ခံထားရသည့် အမျိုးသားသုံးဦးကို ကွပ်မျက်ရန် အီရန် ဆိုင်းငံ့

ဇူလိုင် ၂၀၊ တီဟီရန်


ပြီးခဲ့သည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် သေဒဏ်ချမှတ်ခံထားရသည့် အမျိုးသားသုံးဦးကို ကွပ်မျက်မည့်ကိစ္စအား အီရန်နိုင်ငံက ရပ်ဆိုင်းလိုက်ကြောင်း ယင်းတို့၏ရှေ့နေတစ်ဦးက ပြောသည်။ ယင်းတို့သုံးဦးကို ပြန်လည်ရုံးတင်စစ်ဆေးပေးရန် မေတ္တာရပ်ခံချက်ကို အီရန်နိုင်ငံ အထက်တရားရုံးချုပ်က လက်ခံလိုက်သည်ဟု ရှေ့နေဖြစ်သူ ဘာဘက်က ဆိုသည်။ ယင်းတို့ကို ကွပ်မျက်မည့်ကိစ္စအား ဆန့်ကျင်ကြောင်း ဖော်ပြသည့် Hashtag များကို အွန်လိုင်းပေါ်တွင် အကြိမ်ရေ သန်းပေါင်းများစွာ ရေးသားခဲ့ကြပြီးနောက် အထက်တရားရုံးချုပ်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသားသုံးဦးမှာ နှိပ်စက်ခံရခြင်းကြောင့် အပြစ်ရှိသည်ဟု ထွက်ဆိုခဲ့ပြီး မမျှတသည့် ရုံးတင်စစ်ဆေးမှုများ ကြုံတွေ့ခဲ့ရသည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်များက ပြောသည်။ အသက် ၂၀ ဝန်းကျင်ရှိသည့် အဆိုပါအမျိုးသားသုံးဦးမှာ ဓာတ်ဆီဈေးနှုန်း တိုးမြှင့်သည့် အီရန်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် မငြိမ်သက်မှုများကို အီရန်အာဏာပိုင်များက နှိမ်နင်းခဲ့ချိန်အတွင်း ဆန္ဒပြသူ ၃၀၀ ကျော် သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ