နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံက ဝီဂါမွတ်စလင်များကို တုန်လှုပ်ဖွယ်လူ့အခွင့်အရေးချိုးဖောက်နေဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဆို

ဇူလိုင် ၂၀၊ လန်ဒန်


တရုတ်နိုင်ငံက ဝီဂါမွတ်စလင်မျိုးနွယ်စုများကို တုန်လှုပ်ဖွယ်ကောင်းသည့် လူ့အခွင့်အရေးချိုးဖောက် မှုများ လုပ်နေသည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်က စွပ်စွဲခဲ့ပြီး အဆိုပါလုပ်ရပ်အတွက် တာဝန်ရှိသူများကို အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ သန္ဓေမဆောင်နိုင်အောင် အတင်းအကျပ်လုပ်ခြင်း၊ ဝီဂါမျိုးနွယ်များကို ဖိနှိပ်ညှဉ်းဆဲသည်ဆိုသည့်သတင်းများမှာ အချိန်အတော်ကြာ ပျောက်ကွယ်နေသည့်အရာကို ပြန်အမှတ်ရစေသည်ဟု ယင်းက ဆိုသည်။ ဗြိတိန်နိုင်ငံအနေဖြင့် ယင်း၏မဟာမိတ်များနှင့်ပူးပေါင်း၍ သင့်တော်သည့် အရေးယူမှု လုပ်သွားမည်ဟု ဒိုမီနစ်ရက်ဘ်က ဆိုသည်။ သို့သော် ဝီဂါမျိုးနွယ်စုများကို ချွေးစခန်းများတွင် ထိန်းသိမ်းထားသည်ဆိုသော ပြောကြားချက်များမှာ သတင်းတုများဖြစ်သည်ဟု ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ဆိုသည်။ 

ဝီဂါမျိုးနွယ်စုများမှာ တရုတ်နိုင်ငံအတွင်းရှိ အခြားမျိုးနွယ်စုများနည်းတူ ဥပဒေ၏အကာအကွယ် ရရှိထားသည်ဟု တရုတ်သံအမတ် လျူရှောင်းမင်က ပြောသည်။ မောင်းသူမဲ့ယာဉ်ဖြင့် ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ ဝီဂါမျိုးနွယ်ဝင်များ၏မျက်စိကို အဝတ်စည်းပြီး ရထားများထံ ခေါ်ဆောင်နေကြောင်း တွေ့ရသည်။ အဆိုပါရုပ်သံမှတ်တမ်းမှာ အစစ်ဖြစ်သည်ဟု သြစတြေးလျ လုံခြုံရေးတပ်ဖွဲ့က ပြောသည်။ သို့သော် အဆိုပါရုပ်သံမှတ်တမ်းတွင် ဖော်ပြထားသည့် မြင်ကွင်းကို တိတိကျကျ မသိရကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို အကျဉ်းသားရွှေ့ပြောင်းမှုများ ရှိနိုင်သည်ဟု လျူရှောင်းမင်က ဆိုသည်။                                                                          

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ