နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
TECNO Hipods “Wireless” နားကြပ်အမျိုးအစားဝယ်ယူရရှိနိုင်

ဇူလိုင်    ၂၀


Global Premier Mobile Phone Brand ဖြစ်သည့် TECNO Mobile က မြန်မာနိုင်ငံဈေးကွက်အတွင်း Hipods H2 ကို ဇူလိုင်လဆန်းပိုင်းက မိတ်ဆက်ခဲ့ပြီးဖြစ်သည်။ True Wireless Stereo Bluetooth အမျိုးအစား Earbuds ဖြစ်ပြီး ကြည်လင်ပြတ်သားသည့် Stereo Sound Effect၊ အာမခံချက် အပြည့်အဝပေးထားသည့် အရည်အသွေး၊ သက်သာသည့်နှုန်းထားဖြင့်ဝယ်ယူနိုင်မည့် “Wireless” နားကြပ်အမျိုးအစားဖြစ်ကြောင်း သိရသည်။

HiPods H2 သည် Bluetooth V5.0 ကို အသုံးပြုထားသောကြောင့် ၁၀ မီတာအကွာအဝေးအထိ ဆွဲအား ကောင်းသဖြင့် သီချင်းနားဆင်ဖုန်းပြောခြင်းအတွက် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ မိမိဖုန်းတွင် “Bluetooth” ကို ဖွင့်ပြီး Hipods H2 ၏ Earbud Case အဖုံးကို ဖွင့်လိုက်ရုံဖြင့် Pop – Up Connection Interface က ပေါ်လာပြီး ဖုန်းဖြင့် အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

 Smart Switching Operation စနစ်လည်းပါဝင်သည့်အတွက်ကြောင့် Earbuds ကို လက်ဖြင့်တို့ထိပြီး “Play/Pause, ‘Volume Up/Down, Answer The Call နဲ့ Voice Assistant များအသုံးပြုနိုင်သည်။ TWS Technology ၏ Stereo System အနေဖြင့် ဘယ်၊ ညာ ကွဲပြားစွာအသံများကို သဘာဝအဆန်ဆုံးနားဆင် နိုင်မည်ဖြစ်ပြီး Bass, Alto နှင့် Audio များကို ထို Earbuds တွင်ကြည်လင်ပြတ်သားစွာနားဆင်နိုင်မည်ဖြစ်သည့်အပြင် တပ်ဆင်အသုံးပြုနေချိန်တွင် နားအတွင်း သက်သောင့်သက်သာဖြစ်စေရန် Earbuds Design ကို အထူးစီမံထုတ်လုပ်ထားသည်။ IPX4 အဆင့် Water Resistant ပါရှိပြီး ဘေးပတ်ဝန်းကျင်က ဆူညံသံများလျှော့ချပေးမည့် Environmental Noise Cancellation ပါဝင်သည်။ 

Hipods H2 Earbuds ကို အားအပြည့်သွင်းရန် အချိန် ၂ နာရီအထိကြာမြင့်ပြီး အသုံးမပြုချိန်များတွင် Charging Case ထဲထည့်ထားပြီးအားသွင်းနိုင်သေးသည်။ ဘက်ထရီသက်တမ်းအနေဖြင့် တစ်ခါအားသွင်း ထားရုံဖြင့် ၂၄ နာရီကြာ အသုံးပြုနိုင်မည်ဖြစ်ပြီး အရေးပေါ်အချိန်များတွင် ၁၅ မိနစ်ခန့် အားသွင်းရုံဖြင့် ၂ နာရီအထိကြာ အသုံးပြုနိုင်သည်။ 

သုံးစွဲသူများအဆင်ပြေစေရန် အရည်အသွေးအာမခံချက်အပြည့်အဝပေးသည့်အနေဖြင့် TECNO Mobile မှ 1 year Warranty လည်း ထည့်သွင်းပေးထားသည်။

TECNO Hipods များကို အဖြူ၊အနက် အရောင်နှစ်မျိုးဖြင့်ထုတ်ထားပြီး စျေးနှုန်း ၃၂၉၀၀ ကျပ်ဖြင့် ဝယ်ယူအသုံးပြုနိုင်ပြီဖြစ်သည်။                                                                                                         

(HWY)






အခြားဆက်စပ်သတင်းများ