နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်သွယ်မှုလုပ်ငန်းများရပ်ဆိုင်းနေသည့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ပစ္စည်းများပြန်လည်တင်ပို့ခွင့်ရရှိချိန်တွင် အဆင်သင့် ပြန်လည်တင်ပို့နိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်

စစ်တွေ  ဇူလိုင်  ၂၀


ကုန်သွယ်မှုလုပ်ငန်းများရပ်ဆိုင်းနေသည့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ပစ္စည်းများပြန်လည် တင်ပို့ခွင့့်ရရှိချိန်တွင် အဆင်သင့်ပြန်လည်တင်ပို့နိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေးသတင်းများအရ သိရသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းအနေနှင့် COVID-19 ဖြစ်စဉ်ဖြစ်ရပ်များအား အထိုက်အလျောက်ခံစားနေခဲ့ရသော်လည်း ကုန်သွယ်မှုလုပ်ငန်းများကို အထိုက်အလျောက် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့သည်။ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းသည် COVID-19 ကာလဖြစ်သည့် ဧပြီ၊ မေနှင့်ဇွန်လများတွင် ကုန်သွယ် မှုလျာထားချက်များအပေါ် အထိုက်အလျောက် ဆောင်ရွက်နိုင်ခဲ့သည်။ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း၏ အဆိုပါလများတွင် MOGE မှတင်ပို့/ တင်သွင်းပြုလုပ်နေသည့် ကုန်ပစ္စည်းတန်ဖိုးများမပါ၀င်ဘဲ ပုံမှန် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများမှာ ဧပြီလတွင် အမေရိကန်ဒေါ်လာ  ၀ ဒသမ ရ၀၀  သန်းလျာထားဆောင်ရွက်ခဲ့ရာ အမေရိကန်ဒေါ်လာ(၀ ဒသမ ၈၈၉)သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၂၇ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်ခဲ့ပြီး မေလတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၀၀ သန်း လျာထားဆောင်ရွက်ခဲ့ရာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၈၇ သန်းသာ ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ်  ၉၈ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အတူလွန်ခဲ့သည့် ဇွန်လတွင်လည်း အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၀၀ သန်းလျာထားဆောင်ရွက်ခဲ့ရာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၅၆ သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၃၉ ဒသမ ၅၅ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါကာလအတွင်း စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆီးဖတ်၊ ကြက်သွန်နီ၊ ချင်း (စို)၊ မန်ကျည်းစေ့၊ မန်ကျည်းဖတ်၊ ကွမ်းသီး၊ ဆီးသီးခြောက်၊ ကုလားပဲ၊ နနွင်းတက်၊ တညင်းသီးနှင့် ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးစုံလေးခြောက်၊ ငါးနီတူခြောက်၊ ငါးခေါင်းပွ၊  စက်မှုကုန်ချောပစ္စည်းများဖြစ်သည့် ဆီးယိုထုပ်၊ လုံချည်တို့ တင်ပို့နိုင်ခဲ့ပြီး ပိတ်စ၊ တီရှပ်၊ ပလတ်စတစ်ရေတိုင်ကီ၊ သတ္တုရေအိုး၊ ပလတ်စတစ်ပိုက်တို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ COVID-19 ရောဂါကူးစက်နှုန်းမြင့်လာသဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လခန့်မှစပြီး ကုန်သွယ်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့သော်လည်း တစ်ဖက်နိုင်ငံ၏ စျေးကွက်လိုအပ်ချက်၊ စားသုံးမှုလိုအပ်ချက်များအရ စားသောက်ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြုခဲ့သဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဇွန်လနောက်ပိုင်းမှစ၍ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ၏ COVID-19 ဖြစ်ပွားနေမှုအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများရပ်ဆိုင်းသွားခဲ့သည်။ ထို့ကြောင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေသည့် ကုန်သည် များအနေဖြင့် ကုန်ပစ္စည်းတင်ပို့ခွင့်ရသည့်အချိန်တွင် အဆင်သင့်တင်ပို့နိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိနေသည်။ အဆိုပါဆောင်ရွက်မှုများအရ နယ်စပ်ကုန်သွယ်ရေးဒေသရှိ ဂိုဒေါင်များတွင်ကုန်ပစ္စည်းများကို တင်ပို့သိုလှောင်မှုပြုလုပ်နေကြောင်းသိရသည်။                            

 ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ