နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှ ကျေးလက်တောင်သူများ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်သို့ နွားစာမြက်လာရောက်ရိတ် နေကြရ

ကျောက်ပန်းတောင်း  ဇူလိုင်  ၂၀


မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှ ကျေးလက်တောင်သူများ   နွားစာမြက်ရှားပါးခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ဘက်သို့ ကားငှားကာ   နွားစာမြက်သွားရောက်ရိတ်ယူကျွေးနေရကြောင်း ချောက်မြို့နယ် ကန်ရေကြီးကျေးရွာ၊ တောင်သူ ဒေါ်စိုးစိုးက ပြောကြား၍သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းမြို့များဖြစ်သည့် ချောက်မြို့နယ်တွင် မိုးရွာသွန်းမှု အလွန်နည်းပါးခြင်းကြောင့် ကျေးလက်တောင်သူများ နွားစာမြက်အခက်အခဲဖြစ်နေကြကာ မြက်ရရှိနိုင်မည့် အရပ်ဒေသများသို့ ကားငှား၍ သွားရောက်ကာ နွားစာမြက်သွားရောက်ရိတ်နေရကြောင်း သိရသည်။ မိုးရွာသွန်းမှုမရှိသလောက် နည်းပါးခြင်း ကြောင့် နွားစာမြက်ရှားပါးသည့် ချောက်မြို့နယ် ကျေးရွာများဖြစ်သည့် ကန်ရေကြီးကျေးရွာ၊ ကမ်းရိုးကျေးရွာ၊ တွင်းဖြူရိုးကျေးရွာ၊ ကန်ကြီးတောင်စု၊ကန်ကြီးမြောက်စု၊ ရွာသစ်၊ ကျွန်းပင်စု၊ ကျောက်တိုင်၊ ကန်ရေ(ရင်)လေးကျေးရွာများသည် မိုးရွာသွန်းမှုအလွန်နည်းကာ နွားစာမြက်ရှားပါးခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊        ကျောက်ပန်းတောင်းမြို့နယ်ဘက်လာရောက် မြက်ရိတ်ကြရကြောင်း၊ နွားစာမြက်တင်ရန် ရွာမှကားငှားရပြီး တောင်သူတစ်ဦးလျှင်  ၁၅၀၀ ကျပ်သာ ကောက်ခံပြီး မြက်ထုံးကြိုက်သလောက်ရိတ်ပြီးတင်နိုင်ကြောင်း၊   နွားစာမြက်တင်ဖို့ ငှားခြင်းကြောင့်  ကားခဈေးနှုန်းအသင့်အတင့်နှုန်းဖြင့် လိုက်ပါခြင်းဖြစ်ကြောင်း ကားပိုင်ရှင် မှ ရှင်းပြသည်။ အဆိုပါ နွားစာမြက်များအား ကျောက်ပန်းတောင်းမြို့နယ် အရှေ့ဘက် မိထ္တီလာ- ကျောက်ပန်း တောင်းလမ်းဘေးဝဲယာတွင် လိုက်ရိတ်ကြပြီး စုရပ်တစ်ရာတွင်စုပုံထားကြကြောင်း၊ ကျောက်ပန်းတောင်း အရှေ့ဘက် အင်တောရွာ၊ အင်တောကျယ်ရွာ၊ ပြည့်ဝရွာ၊ စည်ပင်သာရွာ၊ မကျည်းတိုင်းရွာ၊ ကိုင်းရွာပတ်ဝန်းကျင် များတွင် လိုက်ရိတ်ကြကာ ငှားလာသည့်ကားတစ်စီးစာပြည့်လျှင် ပြန်ကြကြောင်း၊ ခိုင်းနွားများအတွက်သာရိတ်ကျွေးရပြီး လွှတ်ကျောင်းသည့်နွားအုပ်များအတွက် ရိတ်မကျွေးနိုင်ကြောင်းသိရပြီး ညောင်ဦးမြို့နယ်ရှိ ကျေးရွာများ၊ ချောက်မြို့နယ်ရှိ ကျေးရွာများနှင့်ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာအချို့တွင်လည်း မိုးရွာ သွန်းမှုမရှိခြင်းကြောင့် မြက်ပေါက်နိုင်မှုမရှိဘဲ ယခုအချိန်ထိနွားစာမြက်ရှားပါးလျက်ရှိနေကြောင်း ညောင်ဦး မြို့နယ် တောင်ဘကျေးရွာ တောင်သူ ဦးကျော်စိုးထံမှသိရကာ အချို့က မြက်ခြောက်ရိတ်ကာ သစ်ရွက် အမျိုးမျိုးဖြင့် ရောကျွေးခြင်း၊ ညောင်ဦးမြို့နယ် တောင်ဘရွာနားတစ်ဝိုက်ကျေးရွာများမှာ မော်တော်ဆိုင်ကယ် များဖြင့် မြက်သွားရောက်ရိတ်ခြင်း၊ သစ်ရွက်သွားခူးခြင်းဖြင့် နွားစာရှားပါးမှု ဖြေရှင်းနေကြကြောင်း သိရသည်။                                                                                 


ကိုထိန်(KPD)






အခြားဆက်စပ်သတင်းများ