လေးမျက်နှာ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းများဖွင့်လှစ်နိုင် ရေးရည်ရွယ်၍မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျောင်းများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းများနည်းစနစ်တကျဆောင်ရွက်နိုင်ရန်အတွက် လက်တွေ့သရုပ်ပြခြင်းကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီအချိန်က လှော်ကထားကျေးလက်ကျန်းမာရေးဌာနနှင့် လေးမျက်နှာမြို့ မြတ်စေတနာ(အခမဲ့)ဆေးခန်းတို့တွင်ပြုလုပ်ခဲ့စဉ်။
ဝေဝေ(လေးမျက်နှာ)