ရန်ကုန် ဇူလိုင် ၂၀
နံနက်စောစောတွင် ရေနွေးနွေးလေးတစ်ခွက် သောက်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးများစေပြီး အစာအိမ်အတွက်လည်း အကျိုးအများကြီးရှိစေသည်။ ထို့ကြောင့် နံနက်စောစောတွင် ရေနွေးသောက်ခြင်း၏ အကျိုးကျေးဇူးများအား ဖော်ပြပေးလိုက်ပါသည်-
(၁) အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း
အဆိပ်ဓာတ်များနေသည့် ခန္ဒာကိုယ်သည် အိုမင်းမှုကို အလျင်အမြန်ဖြစ်ပေါ်စေသည်။ ရေနွေးသောက်ခြင်းက ခန္ဒာကိုယ်တွင်ရှိနေသည့် အဆိပ်ဓာတ် အစုအဝေးကို ဖယ်ရှားပေးသည့်အပြင် အရေပြားဆဲလ်များကိုလည်း ပြုပြင်ပေးပြီး အသားအရေကိုလည်း တင်းရင်းစေသည်။
(၂) နာကျင်မှုများအား လျှော့ချပေးခြင်း
ကြွက်သားနာကျင်မှုများဖြစ်ပေါ်သည့်အခါ ရေနွေးနှင့်ကပ်ပေးသကဲ့သို့ ရေနွေးသောက်ခြင်းကလည်း ကိုယ်တွင်း နာကျင်မှုများ သက်သာစေသည်။
(၃) ကိုယ်အလေးချိန် လျော့ကျစေခြင်း
ရေနွေးသည် ကိုယ်အပူချိန်ကို မြင့်လာစေပြီး ဇီဝကမ္မဖြစ်ပျက်နှုန်းကိုလည်း မြန်ဆန်စေသည်။ ဇီဝကမ္မ ဖြစ်ပျက်မှု မြန်ဆန်ခြင်း၏ အကျိုးဆက်မှာ ကယ်လိုရီများကိုလည်း မြန်မြန်လောင်ကျွမ်းသွားစေသည်။ ထို့ကြောင့် ရေနွေးသောက်ခြင်းက ဝိတ်ကျစေသည်။
(၄) သွေးလှည့်ပတ်မှု ကောင်းစေခြင်း
အာရုံကြောတွင်း အညစ်အကြေးများနှင့် အဆီများသည် ရေနွေးသောက်လိုက်သည့်အချိန်တွင် အားလုံး အပြင်ကို စွန့်ထုတ်ရန် အသင့်ဖြစ်သွားလိမ့်မည်။ ယခုကဲ့သို့ အဆိပ်ဓာတ်များ လျော့သွားခြင်းသည် သွေး လှည့်ပတ်မှုကို အထောက်အကူပြုပြီး ကြွက်သားတွင်းကိုလည်း သွေးများများရောက်စေသည်။ ထို့ကြောင့် အိပ်ချင်စိတ်ကိုလည်း ထိန်းပေးနိုင်သည်။
(၅) ဝမ်းမှန်စေခြင်း
ဝမ်းချုပ်သလိုခံစားနေရလျှင် ရေနွေးနှစ်ခွက်ခန့် နံနက်အစောပိုင်းတွင် သောက်ပေးသင့်သည်။ ဝမ်းချုပ်ခြင်း ဆိုသည်မှာ အစာအိမ်သည် ရေဓာတ်ခမ်းပြီး အလုပ်ပုံမှန်မလုပ်ခြင်းကြောင့်ဖြစ်သည်။ Bowel Movement ဆိုသည့် လှုပ်ရှားမှုကို အစာအိမ်က မပြုလုပ်ချိန်တွင် ဝမ်းချုပ်ခြင်းဖြစ်လာသည်။ ရေနွေးသည် Bowel လှုပ်ရှားမှုကို ပုံမှန်ပြန်ဖြစ်စေပြီး ဝမ်းကို ပြန်မှန်စေသည်။
(သူရိန်)