နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပျိုးအငှားနုတ်သူများ တစ်ရက်နုတ်ခ ငွေကျပ် ၂၀၀၀၀ ကျော်ရရှိသည့်အတွက် စားဝတ်နေရေးအဆင်ပြေ

ဝန်းသို      ဇူလိုင်    ၂၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ပျိုးအငှားနုတ်စျေးကောင်းသဖြင့် ပျိုးအငှားနုတ်သူများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

"ယခုပျိုးတစ်စည်းကို ၁၀၀ ကျပ်ဖြင့် ပျိုးအငှားနုတ်ပါတယ်။ နံနက် ၆ နာရီမှ ၁၀ နာရီအထိ တစ်ယောက် ကိုလွယ်ရင်လွယ်သလို ၈၀ စည်းမှ ၁၀၀ စည်းအထိရရှိပြီး တစ်ရက်လုံးနုတ်လျှင် ၁၅၀ စည်းမှ ၂၀၀ စည်းအထိ ရရှိပါတယ်။ တစ်ရက်နုတ်ခကို ငွေကျပ် ၂၀၀၀၀ ကျော်ရှိသည့်အတွက် စားဝတ်နေရေးအဆင်ပြေပါတယ်"ဟု ပျိုးအငှားနုတ်သူ အုတ်ဖိုကျေးရွာမှ ဦးကျော်မင်းထွန်းက ပြောသည်။

"ယခင်နှစ်က ပျိုးတစ်စည်းကို ၇၀ ကျပ်နှင့် ငှားရမ်းခဲ့ရပြီး ယခုနှစ်တွင်မိုးကလည်းမှန်တော့ စပါးစိုက် တောင်သူများကလည်း ရေရရှိသည့်အခါ အချိန်မီစိုက်ပျိုးနိုင်ရေးရက်များ သတ်မှတ်၍ ပျိုးအငှားနုတ်သူများ ကို အပြိုင်အဆိုင်ငှားရမ်းသဖြင့် ပျိုးတစ်စည်းကို ၇၀ ကျပ်မှ ၁၀၀ ကျပ်အထိ ငှားရမ်းခဲ့ရသည့်အတွက် ပျိုး အငှားနုတ်စျေးသည် မြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်"ဟု သရက်အိုက်ကျေးရွာမှ စပါးစိုက်တောင်သူဦးတင်မောင် က ပြောသည်။

ဝန်းသိုမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၃၈၄၉၈ လျာထားလျက်ရှိရာ လက်ရှိအချိန်တွင် ၂၉၄၁၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေထံမှ သိရသည်။


မြင့်ထွန်းမင်း(ကောလင်း)






အခြားဆက်စပ်သတင်းများ