နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်မှုဖြစ်ပွား

ရန်ကုန် ဧပြီ ၁၁ ရန်ကုန်တိုင်းဒေသကြီးသို့ ဓာတ်အားပို့လွှတ်ထားသော မဟာဓာတ်အားလိုင်းများအနက်မှ တစ်လိုင်း ဖြစ်သော 230 kv မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းသည် ဧပြီ ၁၁ ရက် နံနက်အစောပိုင်းအချိန်တွင် တိုင်အမှတ်(၄)နေရာ၌ ကြွေသီးကွဲမှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆိုပါဓာတ်အားလိုင်းမှ ဓာတ်အားပေးထား သော 230 kv ပင်မဓာတ်အားခွဲရုံကြီးများတွင် ဓာတ်အားပြတ်တောက်ခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်၊ တောင်ပိုင်းခရိုင်အတွင်းရှိ ဆက်စပ်မြို့နယ်နေရာများ၌ ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွား ခဲ့သည်။ ကြွေသီးကွဲမှုဖြစ်ပွားခြင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကော်ပိုရေးရှင်းနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြုပြင်နေစဉ်အတွင်း လှိုင်သာယာ၊ ထန်းတပင်၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ အေးရွာ၊ တွံတေး၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်၊ ကမာရွတ်၊ စမ်းချောင်း၊ လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ ရန်ကင်းမြို့နယ်များတွင် ဓာတ်အားပြတ်တောက်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ အဆိုပါနေရာများသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ (WP)






အခြားဆက်စပ်သတင်းများ