နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမရပူရမြို့နယ်မန္တလေး-စစ်ကိုင်းလမ်းရွှေဂဲရေဆိုးသန့်စင်ရုံအနီး တာပေါင်ပေါက်၍ရေဝင်

မန္တလေး ဇူလိုင်  ၂၀


 မြန်မာပြည်အထက်ပိုင်းဒေသများ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေများ မြင့် တက်လာရာ ဇူလိုင်၂၀ ရက် နံနက် ၂ နာရီခန့်က မန္တလေးခရိုင် အမရပူရမြို့နယ် မန္တလေး-စစ်ကိုင်းလမ်း ရွှေဂဲရေဆိုးသန့်စင် စက်ရုံတည်ဆောက်ရေးစက်ရုံအနီးတွင် တာပေါင်ပေါက်မှုဖြစ်ပွားခဲ့သည်။ တာပေါင်ကျိုးပေါက် မှုဖြစ်ပွားရာ နေရာသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးခရိုင် မီးသတ်ဦးစီးဌာနရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ငယ် တိုးကျေးရွာအုပ်စုများသို့ သွားရောက်၍ ပစ္စည်းများ ရေလွတ်ရာနေရာများသို့ရွေ့ပြောင်းခြင်း၊ ရေဝင်ကျေးရွာများရှိပြည်သူများကို ရေသန့်နှင့်စားသောက်ဖွယ်ရာများ ပေးဝေလျက်ရှိသည်။ တာပေါင်ပေါက်ရာ နေရာအမြန်ဆုံးပိတ်နိုင်ရေးမြို့တော်စည်ပင်မှ စက်ယန္တရားကြီးများ ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။                                                                            

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ