နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆုတံဆိပ်မရပေမယ့် အသင်းချန်ပီယံဖြစ်တာကို အောင်ပွဲခံနေမယ့် လူငယ်ကြယ်ပွင့်ကစားသမားလေး

ဇူလိုင်  ၂၀


ငယ်စဉ်က လီဗာပူးလ်ကို အားပေးခဲ့တဲ့ အီလီယော့ဟာ ဒီနွေကမှ ဖူလ်ဟန်အသင်းကနေ လီဗာပူးလ်ကို ရောက်လာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားထားသူပါ။ အီလီယော့ဟာ အသက် ၁၇ နှစ်သာရှိပါသေးတယ်။ ပရီးမီးယားလိဂ်က ချန်ပီယံဆုတံဆိပ် ၄၀ ပေးရာမှာ ဆုတံဆိပ်လက်ခံရရှိဖို့အတွက် အနည်းဆုံး ငါးပွဲပါဝင်ကစားဖို့လိုမှာဖြစ်ပြီး လူငယ်တွေထဲမှာတော့ နီကိုးတစ်ဦးသာ  ဆုတံဆိပ်ရမှာဖြစ်တယ်။ အီလီယော့က ဒီရာသီမှာ ငါးပွဲမပြည့်ခဲ့တာကြောင့် ဆုတံဆိပ် မရနိုင်ပါဘူး။ လူငယ် ကစားသမား ကာတစ်ဂျုံးက လေးပွဲပါဝင်ကစားထားပြီး နောက်တစ်ပွဲပါဝင်ကစားဖြစ်ရင် ဆုတံဆိပ်ရမှာဖြစ်တယ်။ 

ပြိုင်ဘက်အသင်းပရိသတ်တွေက အီလီယော့ရဲ့တွစ်တာအကောင့်မှာ မင်းဒီရာသီချန်ပီယံဆုတံဆိပ်ရမှာမဟုတ်ဘူးလို့ လှောင်ပြောင်ခဲ့ကြပါတယ်။ အီလီယော့က “ငါဆုတံဆိပ်ရ၊ မရက အရေးမကြီးပါဘူးကိုယ့်လူ၊ အရေးကြီးတာက အသင်းပါ။ သူတို့အားလုံးကို ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်တွေရကြမှာကိုပဲ ငါ့မှာ မတရားပျော်နေတာပါ။ အသင်းက ချန်ပီယံဖြစ်ဖို့သိပ်ကို ထိုက်တန်ပါတယ်။ အသင်းပရိသတ်တစ်ဦး အနေနဲ့ အသင်းချန်ပီယံဖြစ်တာကို ငါက အောင်ပွဲခံနေမယ့်သူပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။ အီလီယော့တုံ့ပြန်မှုကို လီဗာပူးလ်ပရိသတ်တွေ အတော်နှစ်သက်ကြကာ ဒီစိတ်ဓာတ်ကိုထိန်းသိမ်းပြီး စီနီယာအဆင့်ကို စိန်ခေါ်ဖို့ အားပေးနေကြပါတယ်။ ယာဂင်ကလော့က ပရီးမီးယားလိဂ်က မပေးပေမယ့် သူကိုယ်တိုင်ဆုတံဆိပ်ပေးမယ်လို့ ကြေညာထားပါတယ်။ စီနီယာတွေကနေ သင်ယူပြီးအချိန်ကျရင် အစွမ်းပြတာမျိုးလုပ်ဖို့ပဲလိုတယ်လို့ မန်နေဂျာကြီးက အသိပေးထားပါတယ်။                                               


 (SO)






အခြားဆက်စပ်သတင်းများ