နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ်၌ ဆေးခြောက်များ သိမ်းဆည်းရမိမှု

ရန်ကုန် ဧပြီ ၁၁ ဧပြီလ ၁၀ ရက်၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းရှိ ရွှေစင်စင်္ကြာကားဂိတ်၌ မခင်ခင်ဦး ကုန်စုံဆိုင် အမည်ပါ စက္ကူဂျပ်ဖာများ မသင်္ကာဖွယ် ရောက်ရှိနေကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စောင့်ဆိုင်းနေစဉ် အဆိုပါစက္ကူဂျပ်ဖာများအား AA/xxxx Belta အငှား ယာဉ်ဖြင့် ရောက်ရှိလာသူ သန်းနိုင်(၅၁)နှစ်ပါ ကျား ၄ ဦးတို့က ရွေးယူ၍ ၎င်းတို့၏မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်နေသည်ကိုတွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးရှာဖွေရာ စက္ကူဂျပ်ဖာ ၄ ဖာအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် ဆေးခြောက် ၁၀ ဒသမ ၀၂ ကီလိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။ အဆိုပါသန်းနိုင်ပါ ကျား ၄ ဦး(ဖမ်းမိ)အား ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ