နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
FA ဖလားကို လန်ဒန်သားတွေသာ အပြိုင်လုကြရတော့မည်

ဇူလိုင်  ၂၀


 FA ဖလားဆီမီးဖိုင်နယ်ဒုတိယပွဲမှာတော့ လန်ဒန်သားချယ်လ်ဆီးတို့က မန်ယူအသင်းကို ၁-၃ နဲ့ နိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါဘီ ဗိုလ်လုပွဲကိုဆင်နွှဲကြရတော့ မှာပါ။

န်ယူ-ချယ်လ်ဆီးပွဲမှာ ပွဲမစခင်က မန်ယူကသာ နိုင်ခြေအဆင့်မှာရှိတယ်လို့ ခန့်မှန်းခဲ့ကြတဲ့ ပရိသတ်က များခဲ့ကြပါတယ်။ မန်ယူရဲ့စုဖွဲ့မှုကလည်း ချယ်လ်ဆီးနဲ့ယှဉ်ရင် တော်တော်လေးပြည့်စုံနေပါတယ်။

ဒါပေမယ့် ပွဲအဖြေကတော့ ခန့်မှန်းသလိုဖြစ်မလာကြပါဘူး။ နှစ်သင်းစလုံးက ၃-၄-၁-၂။ ၃-၄-၃ ကစားကွက်တွေနဲ့ ပွဲထွက်လာခဲ့ကြတာပါ။ ပွဲထွက်လူစာရင်းတော့ အပြောင်းအလဲတွေလုပ်ခဲ့ကြပါတယ်။ ပွဲအစကတည်းက ချယ်ဆီးအသင်း မန်ယူကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးကွင်းလယ်ကို မန်ယူရဲ့မာတစ်နဲ့ ဖရက်တို့မထိန်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ချယ်လ်ဆီးက အလယ်မောင်းနှင်အားနဲ့ မန်ယူကို ဖိအားပေး ကစားနိုင်ခဲ့တာပါ။ မန်ယူရဲ့ဘဝက တန်ပြန်တိုက်စစ်ကိုသာ အားပြုကစားနေရပါတယ်။ ချယ်လ်ဆီးအသင်းလည်း အခွင့်အရေးများများမရခဲ့ပါဘူး။ ရတဲ့အခွင့်အရေးကိုလည်း အသုံးမချနိုင်တာကြောင့် ဂိုးစောစောစီးစီးမရခဲ့တာပါ။ မာစီယလ်ဝင်လာတော့ မန်ယူတို့ ၄-၂-၃-၁ ကစားကွက်ပုံစံပြောင်းကစားခဲ့ ပါတယ်။ ပထမပိုင်းနာကျင်ချိန် အပို ၁၁ မိနစ်မှာတော့ ချယ်လ်ဆီးအတွက်ဂျရူးက ဦးဆောင်ဂိုးရယူပေးပါတယ်။ ဒုတိယပိုင်းအစမှာလည်း မန်ယူနောက်ခံလူ ဘရန်ဒန်ဝီလီယံရဲ့ အားနည်းမှုကြောင့် မေဆင်မောင့် ဘောလုံးရရှိပြီး ဧရိယာထိပ်ကနေကန်သွင်းယူခဲ့တာကြောင့် ဒုတိယဂိုးရရှိခဲ့ပါတယ်။ ဂိုသမားရဲ့အားနည်းမှုကြောင့် ဂိုးဝင်သွားတာပါ။ နောက်မန်ယူဟာ ပေါ့ဂ်ဘာနဲ့ မေဆင်ဝုဒ်တို့ ထည့်သွင်းကစားခဲ့ပါတယ်။ ချယ်လ်ဆီးက မန်ယူရဲ့ကစားကွက်ကို အကောင်းဆုံးဖြတ်တောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၄ မိနစ်မှာ ဗဟိုနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ချယ်လ်ဆီးတို့ လက်ဆောင်ဂိုးရရှိခဲ့ပါတယ်။ ၈၆ မိနစ် မှာတော့ မန်ယူတို့ပင်နယ်တီရရှိကာ ဖာနန်ဒက်  ကန်သွင်းခဲ့တာကြောင့် ချေပဂိုးတစ်ဂိုး ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးက ကိုဗာချစ်အစားလော့ဖ်တက်ကို ထည့်သွင်းကာပွဲကိုထိန်းကစားခဲ့ပါတယ်။ 

နာကျင်အချိန်ပိုမှာ အိုဒွိုင်းတစ်ယောက် အပိုင်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် ကန်ချက်လွဲခဲ့ရတာ ကြောင့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲချိန်နှောင်းပိုင်းမှာတော့ မန်ယူတို့လည်းချေပဂိုးထပ်မရသလို ချယ်ဆီးကလည်း နောက်ထပ်သွင်းဂိုးတွေထပ်မရတာကြောင့် ပွဲပြီးဆုံးချိန်မှာတော့ မန်ယူကို ချယ်လ်ဆီးတို့က ၁-၃ နဲ့ အနိုင်ရကာ ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဒီနေ့ပွဲမှာ မန်ယူတို့ ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့ဘဲ ခြေစွမ်းတော်တော်ညံ့ခဲ့ပါတယ်။ နောက်တန်းကမှား၊ ဂိုးသမားကညံ့ပြီး အလယ်တန်းကလည်း ချယ်လ်ဆီးကို မထိန်းနိုင်ဘဲ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။ လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းကတော့ တစ်ပွဲလုံး တည်တည်ငြိမ်ငြိမ်နဲ့ အမှားအနည်းဆုံးဖြစ်အောင် ကစားသွားခဲ့ကာ ရရှိတဲ့အခွင့်အရေးကို အမိအရအသုံးချနိုင်တာကြောင့် ဗိုလ်လုပွဲမှာ လန်ဒန်သားအချင်းချင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ဗိုလ်လုရတော့မှာဖြစ်ပါတယ်။ 


(SO)






အခြားဆက်စပ်သတင်းများ