နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွစ်ဇာလန်နိုင်ငံလော်ဆိန်းမြို့က ပရိသတ်ကြည့်ရှုခွင့်ပြုတဲ့ ကမ္ဘာ့တုတ်ထောက်ခုန်ပြိုင်ပွဲ

ဇူလိုင်  ၂၀


ဆွစ်ဇာလန်နိုင်ငံ၊  လော်ဆိန်းမြို့မှာ  ထိပ်တန်းအဆင့်ရှိ  တုတ်ထောက်ခုန်  ပြိုင်ပွဲနှစ်ရပ်ကို စက်တင်ဘာလမှာ ကျင်းပသွားဖို့စီစဉ်ထားပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့ထိပ်တန်းတုတ်ထောက်ခုန်သမားများ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။  Athelissima လို့ အမည်ပေးထားပြီး ဒီပြိုင်ပွဲဟာ ၂၀၂၀ ပြည့်နှစ် အသင်းအဆင့်မြင့်ဆုံးကစားသမားများ ယှဉ်ပြိုင်ရာ ပြိုင်ပွဲတစ်ခုဖြစ်လာမယ်လို့သိရပါတယ်။ 

ကမ္ဘာ့တုတ်ထောက်ခုန်စံချိန်ရှင် မွန်ဒိုဒူပလန်တစ်၊ ၂၀၁၂ အိုလံပစ်ချန်ပီယံ ရေးနော့လာဗီဂန်နီ၊ ကမ္ဘာ့ချန်ပီယံနှစ်ကြိမ် ရဖူးသူ ဆမ်ကင်းဒရစ်၊ ၂၀၁၁ ခုနှစ်ကမ္ဘာ့ချန်ပီယံ ပါဝယ်ဝိုဇီချောစကီး၊ ၂၀၁၇ ကမ္ဘာ့ ငွေတံဆိပ်ဆုရှင် ပီယိုတာလီဆက်တို့ ပါဝင်ယှဉ်ပြိုင်မယ်လို့သိရပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာ ကမ္ဘာ့ရုံတွင်း ပြိုင်ပွဲချန်ပီယံ ဆန်ဒီမောရစ်၊ အိုလံပစ်ချန်ပီယံ တက်တစရီနာစတီဖန်ဒီ၊ ဓနသဟာကမ္ဘာ့ပြိုင်ပွဲ ချန်ပီယံ အယ်လီရှာနယူးမန်း၊ ဆွီဒင်ချန်ပီယံ အင်ဂျလီကာဘင်ဆင်တို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတစ်လှည့်စီပြိုင်ပွဲဝင်ရမှာဖြစ်ပြီး အမျိုးသားတစ်ဦးပြီးလျှင် အမျိုသမီးတစ်ဦးတို့ သီးခြားစီအပြိုင်ဖြစ်သော ပြေးလမ်းများတွင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်များကို တရားဝင်အသိအမှတ်ပြုနိုင်ရန် အထူးဒီဇိုင်းပုံစံပြုလုပ်ထားသော ပြေးလမ်းများ ဖော်ဆောင်ထားမည်ဖြစ် ပြီး ပြိုင်ပွဲတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများကို ပါရီနှင့်ဒေသတွင်း ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုမှ မှာယူမည်ဟုသိရပါသည်။ ဆွစ်ဇာလန်အာဏာပိုင်များ၏ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲသို့ ပရိသတ် ၁၀၀၀ လာရောက် ကြည့်ရှုခွင့်ပြုထားပါသည်။ “အားကစား သမားတွက လာရောက် ယှဉ်ပြိုင်ကြဖို့ စိတ်အားထက်သန်နေကြပါတယ်။ ယခုလို အခြေအနေမျိုးဖြစ်ပေမယ့် ကျွန်တော်တို့ကို ကမကထလုပ်ပေးမဲ့အဖွဲအစည်းတွေကလည်း ထောက်ပံ့ပေးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ၊ ဒါဟာ ကျွန်တော် တို့အတွက် အပြုသဘောဆောင်တဲ့လက္ခဏာပါ” လို့ ပြိုင်ပွဲညွှန်ကြားရေးမှူး ဂျက်ကီဒယ်လာပီ ဟာ ပြောကားခဲ့ပါတယ်။       

 (SO)






အခြားဆက်စပ်သတင်းများ