နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာသန်း ၃၀၀ ကျော် ဝင်ရောက်

ရန်ကုန်   ဇူလိုင်    ၂၀


ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ရှိပြီးသားလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၀၈ ဒသမ ၃၉၄ သန်း အပါအဝင် ကျပ် ၁,၄၅၄,၄၄၅ ဒသမ ၃၇၀ သန်း ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ၁၀ လတာ ကာလအတွင်း ခွင့်ပြု/အတည်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၀၄ ခုရှိပြီး ယင်းလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၂၀၄ ဒသမ ၅၁၀ သန်း အပါအဝင် ကျပ် ၁,၁၆၂,၂၇၂ ဒသမ ၂၈၀ သန်း ဝင်ရောက် ထားသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် လုပ်ကိုင်မည့် အမေရိကန် ဒေါ်လာ ၁၁၅ သန်းတန်ဖိုးရှိ ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချခြင်းလုပ်ငန်းကို MICက ခွင့်ပြုခဲ့သည်။ ယင်းလုပ်ငန်း သည် စင်ကာပူရင်းနှီးမြှုပ်နှံမှုပါဝင်သော ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်ပြီး အဆိုပါ လုပ်ငန်းမှ လုပ်သားအင်အား ၁၀၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် လယ်ယာကဏ္ဍများ၌ ပိုမို ရင်းနှီးမြှုပ်နှံလာ ကြောင်း သိရသည်။                                                                                                     


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ