နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လောင်းမြို့နယ်၌ စိတ်ကြွဆေးပြားများနှင့် ဘိန်းစိမ်းများ သိမ်းဆည်းရမိမှု

ပင်လောင်း ဧပြီ ၁၁ ဧပြီလ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီအချိန် ပင်လောင်းမြို့နယ်၊ ပြဒိန်ကျေးရွာနေ မောင်တန်(၃၁)နှစ်၏နေအိမ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ဝင်ရောက်ရှာဖွေရာ ယင်းအား တစ်ရွာတည်းနေ မောင်လွန်း(ခ)သက်လွန်း(၂၇)နှစ်နှင့်အတူတွေ့ရှိပြီး ယင်း၏ အိပ်ရာပေါ်မှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၅၀၀ ပြားနှင့် နေအိမ်အိပ်ခန်းထောင့်၌ မိုးကာစဖြင့် ထည့်ထားသည့် ဘိန်းစိမ်း ၀.၇ ကီလိုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ညနေ ၃ နာရီ ၄၅ မိနစ် အချိန် မောင်တန်နှင့် မောင်လွန်း(ခ) သက်လွန်းတို့ ၂ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ တက်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ