နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငလျင်အန္တရာယ်နှင့် သဘာဝဘေး

ရန်ကုန်   ဇူလိုင်   ၂၀


သဘာဝဘေးဟူသည်ရှောင်လွှဲ၍မရသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံ တိုင်းတွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ငလျင်များ မကြာခဏလှုပ်နေသည်ကို တွေ့ရှိရပေသည်။ အင်အားအကြီးဆုံငလျင်ဖြစ်သည့် သပိတ်ကျင်းငလျင်လှုပ်ခတ်ပြီး နောက်ပိုင်းတွင်လည်း ငလျင်ငယ်များ ရာနှင့်ချီ လှုပ်ခတ်နေသည်ကို ကြုံတွေ့နေရသည်။ ယင်းငလျင်ငယ်များ၏ ပြင်းအားသည် အဆင့် ၅ အထိ ကျော်လွန်ငလျင်များ ပါဝင်နေသည်။

မြန်မာနိုင်ငံအနှံ့တွင် အဓိကငလျင်ကြောကြီး ငါးခုရှိနေသည့်အပြင် နိုင်ငံတကာမြေငလျင်နှင့် ဘူမိဗေဒ  ပညာရှင်များ သိရှိစိတ်ဝင်စားကြသော စစ်ကိုင်းပြတ်ရွေ့ကြောကြီးက မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်း ချိုင့်ဝှမ်းမှ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့အနီးက ကပ္ပလီပင်လယ်အတွင်းသို့ တိုးဝင်သွားသည်ကို ကီလိုမီတာ တစ်သောင်းခန့် ရှည်လျားသည်ဟုဆိုသည်။ ယင်းပြတ်ရွေ့ကြောသည် မိုးကောင်း၊ အင်းတော်ကြီး၊ ထီးချိုင့်၊ စစ်ကိုင်း၊ မြစ်သား၊ ဝမ်းကွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပျဉ်းမနား၊ ဖြူး၊ ပဲခူး။ ခရမ်းသုံးခွများကို          ဖြတ်ကျော်၍ ကပ္ပလီပင်လယ်ထံသို့ ဝင်ရောက်သွားသည်ဟု ပညာရှင်များက အသေးစိတ် တွက်ချက်ထား ကြောင်း သိရသည်။


၁၉၃၀ ပြည့်နှစ် ငလျင်ကြောင့် ပဲခူး၌ လူပေါင်း ၅၀၀ ကျော် ရန်ကုန်မြို့၌ လူပေါင်း ၅၀ ခန့် သေဆုံးခဲကြောင်း ငလျင်မှတ်တမ်းများအရ သိရှိရသည်။ ငလျင်၏ သဘောသဘာဝအရ ငလျင်ကြီးများ လှုပ်ရှားဖူးသော နေရာများ တွင် ငလျင်ငယ်များ နောက်ဆက်တွဲ လှုပ်ခတ်လေ့ရှိကြောင်းနှင့် ပဲခူးမြို့ ငလျင်အန္တရာယ် ကြုံတွေ့ခဲ့ရသည်မှာ နှစ်ကြာမြင့်ခဲ့သော်လည်း သတိပြုရမည့်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

မြေငလျင်လှုပ်ရှားခြင်းသည် ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးတစ်ခုဖြစ်ပြီး ငလျင်ဒဏ်ကြီးမားသော် ပျက်စီးဆုံးရှုံးမှုများတတ်သကဲ့သို့ လူအသေအပျောက် ထိခိုက်ဒဏ်ရာများစွာ ဖြစ်ပေါ်တတ်သည်။ မြေငလျင် လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေးစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်သည်။ ငလျင်ဘေးအပါအဝင် သဘာဝဘေး များကြောင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ ပျက်စီးဆုံးရှုံးမှု သက်သာစေရေးအတွက် ဘေးမဖြစ်မီ၊ ဘေး ဖြစ်နေစဉ်၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးခြင်းကို လူမှုဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။


ဘေးဒဏ်ကျရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ကယ်ဆယ်ကုသရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်ကြရပေသည်။ ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူ များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရသည်။ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှနည်းပါး အောင် ဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ