နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်မဲ့စေသည့် ပဋိပစ္စည်းကို စင်ကာပူနိုင်ငံမှ သုတေသီများ ရှာဖွေတွေ့ရှိ

စင်ကာပူ      ဇူလိုင်    ၁၉

စင်ကာပူနိုင်ငံမှ သုတေသနပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ကို အာနိသင်ကင်းမဲ့စေသည့် ပဋိပစ္စည်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ကိုယ်ခံအားစနစ်၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ပဋိပစ္စည်းမှာ ကိုရိုနာဗိုင်းရပ်စ်၏ အရေးပါသည့်နေရာ ၄ ခုကို စည်းနှောင်ထားနိုင်စွမ်းရှိသည်။ ယင်းကဲ့သို့ စည်းနှောင်နိုင်စွမ်းရှိ၍ ကိုရိုနာဗိုင်းရပ်စ်ကို လူသား၏ဆဲလ်အတွင်း မဝင်ရောက်နိုင်စေရန်နှင့် ဗိုင်းရပ်စ်ပွားများခြင်းမရှိအောင် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ကူးစက်ရောဂါဆိုင်ရာ အမျိုးသားစင်တာ၊ သိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီတို့မှ သိပ္ပံပညာရှင်များ၏ တွေ့ရှိမှုကို ဇူလိုင်လ ၁၇ ရက် စာနယ်ဇင်းရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ ယင်းတို့၏တွေ့ရှိမှုကြောင့် ရောဂါရှာဖွေစစ်ဆေးမှု ပိုတိုးတက်လာဖွယ်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော်လည်း ရောဂါလက္ခဏာမပြဘဲ ပြန်လည်သက်သာလာသူများကို ခွဲခြားဖော်ထုတ်နိုင်မည်ဖြစ်ပြီး လူနာများအတွက် ပိုကောင်းမွန်သည့် ကုသနည်းများ ရှာဖွေနိုင်ဖွယ်ရှိသည်။ ထို့အပြင် ကာကွယ်ဆေး ရှာဖွေရန်၊ ကာကွယ်ဆေးများ ထိရောက်မှု ရှိ၊ မရှိ ဆုံးဖြတ်ရန်လည်း အထောက်အပံ့ဖြစ်စေမည်ဟု ဆိုသည်။

KNT






အခြားဆက်စပ်သတင်းများ