ပါရီ ဇူလိုင် ၁၉
ပြင်သစ်နိုင်ငံ နန့်စ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း မီးလောင်ကျွမ်းမှုမှာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့ခြင်းဖြစ်မည်ဟု ယုံကြည်ထားကြောင်း အစိုးရရှေ့နေများက ပြောသည်။ နန့်စ်မြို့ရှိ စိန့်ပါရီအက်စိန့်ပေါ ခရစ်ယာန်ဘုရားကျောင်းတွင် မီးလောင်ကျွမ်းမှုသုံးခု စတင်ဖြစ်ပွားခဲ့ရာ ရှို့မီး ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အစိုးရရှေ့နေ ပါရီဆန်းနက်စ်က ပြောသည်။ မီးလောင်ကျွမ်းမှုကြောင့် ၁၅ ရာစုဘုရားကျောင်း၏ မှန်ကူကွက်ပြတင်းပေါက်များနှင့် ဧရာမအော်ဂင်ကြီး ပျက်စီးခဲ့သည်။
ပါရီမြို့ရှိ နော်ထရယ်ဒိမ်းဘုရားကျောင်း မီးလောင်ပျက်စီးခဲ့ပြီးနောက် တစ်နှစ်အကြာတွင် စိန့်ပါရီအက်စိန့်ပေါ ခရစ်ယာန်ဘုရားကျောင်း မီးလောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် နန့်စ်ဘုရားကျောင်း မီးလောင်မှုကို တားဆီးနိုင်ခဲ့၍ နော်ထရယ်ဒိမ်းဘုရားကျောင်း အခြေအနေမျိုး မဖြစ်ခဲ့ကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောသည်။ သို့သော် အဆိုပါမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာတွင် မီးသတ်သမား ၁၀၀ ကျော် ပါဝင်ခဲ့ပြီး နာရီပေါင်းများစွာ အချိန်ယူငြှိမ်းသတ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်ကလည်း နန့်စ်မြို့တွင် မီးအကြီးအကျယ်လောင်ကျွမ်းခြင်းကြောင့် သူတော်စင် ဒိုနာရှန်၏ ၁၉ ရာစု ဘုရားကျောင်း တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်။
KNT