နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်ပင်များကို အပေါင်ပစ္စည်းအဖြစ်ထားပြီး ချေးငွေလျှောက်ထားနိုင်မည့် မူဝါဒကို ထိုင်းအစိုးရ ရေးဆွဲ

ဗန်ကောက်    ဇူလိုင်    ၁၉

စီးပွားရေးအရ အဖိုးတန်သည့် သစ်ပင်များကို အပေါင်ပစ္စည်းအဖြစ် သတ်မှတ်ပြီး ငွေချေးနိုင်မည့် မူဝါဒသစ်တစ်ရပ်ကို ထိုင်းအစိုးရက ရေးဆွဲခဲ့သည်။ ပြည်သူများအနေဖြင့် မိမိတို့၏ ဒေသ၊ ရပ်ရွာများတွင် စီးပွားရေးအရ အဖိုးတန်သည့် သစ်ပင်များ ပိုမို စိုက်ပျိုးလာစေရန် ရည်ရွယ်ပြီး စီးပွားကူးသန်းဝန်ကြီးဌာနက အဆိုပါမူဝါဒကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပင်ယိုဆင်ဝက်က ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါဖော်ပြချက်တွင် စီးပွားရေးအရ အဖိုးတန်သည့်သစ်ပင် ၅၈ မျိုး၏ အမည်များကို ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာ ၂ ဘာသာဖြင့် ယှဉ်တွဲဖော်ပြထားသည်။ စီးပွားရေးအရ အဖိုးတန်သည့် သစ်ပင် ၅၈ မျိုးတွင် ကျွန်းပင်၊ သရက်ပင်၊ ဒူးရင်းပင်၊ မန်ကျည်းပင်၊ ဝါးပင်အမျိုးအစားအားလုံး ပါဝင်နေသည်။                             

KNT






အခြားဆက်စပ်သတင်းများ