ဟနွိုင် ဇူလိုင် ၁၉
ဗီယက်နမ်နိုင်ငံမှ တင်ပါးချင်းဆက် အမြွှာညီအစ်မ ၂ ဦးကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြခဲ့သည်။ ခက်ခဲနက်နဲလွန်းသည့် ခွဲစိတ်မှုတွင် ဆရာဝန်နှင့် သူနာပြု ၁၀၀ နီးပါး ပါဝင်ခဲ့ပြီး ၁၂ နာရီကြာမြင့်ခဲ့သည်။ ထရူနီနှင့် ဒီယူနီဟု အမည်ပေးထားသည့် ညီအစ်မ ၂ ဦးမှာ ခွဲစိတ်မှုအပြီးတွင် ကျန်းကျန်းမာမာရှိနေသည်ဟု ဆိုသည်။
ယင်းတို့ညီအစ်မ ၂ ဦးမှာ ၁၃ လအရွယ်ရှိပြီး ခန္ဓာကိုယ်အလေးချိန် ၁၅ ကီလိုဂရမ်ရှိသည်။ လာမည့်၃ လကျော် ကာလအတွင်း ပလတ်စတစ်ဆာဂျရီလုပ်ရမည့်ကိစ္စအပါအဝင် ခွဲစိတ်မှုများ ထပ်လုပ်ရန်ရှိနေပြီး အသက် ၁၈ နှစ်မပြည့်မချင်း ယင်းတို့၏ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ရဦးမည်ဟု ဆိုသည်။
KNT