နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Top Seed Open တင်းနစ်ပြိုင်ပွဲတွင် ဆီရီနာဝီလျံ ပါဝင်ယှဉ်ပြိုင်မည်

ဇူလိုင်   ၁၉

အမေရိကန်နိုင်ငံ၊ ကန်တပ်ကီပြည်နယ်၌ ကျင်းပမည့် Top Seed Open တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဆီရီနာဝီလျံက ပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲသည် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ မကျင်းပမီ အကြိုကျင်းပသည့်ပြိုင်ပွဲဖြစ်ပြီး အမေရိကန်နိုင်ငံ၏ နာမည်ကြီးတင်းနစ်မယ်များ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

COVID-19 ရောဂါကြောင့် ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲအများစုကိုရပ်ဆိုင်းခဲ့ရပြီးနောက် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲသည် ယခုနှစ် တင်းနစ်ရာသီတွင် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲပြီးနောက် ဒုတိယမြောက် ကျင်းပနိုင်မည့် ဂရင်းစလင်းအမျိုးအစားပြိုင်ပွဲဖြစ်သည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဆီရီနာဝီလျံသည် လာမည့် ဩဂုတ် ၃၁ ရက်တွင် စတင်ကျင်းပမည့် ယူအက်စ် အိုးပင်းတင်းနစ်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် Top Seed Open တင်းနစ်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆီရီနာဝီလျံက “ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ အစကတော့ ပြိုင်ပွဲမဝင်တော့ဘူးလို့ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ အခြေအနေအရ ပြိုင်ပွဲဝင်ဖို့ အဆင်ပြေနိုင်တဲ့ အတွက် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာပါ။ ဒါကြောင့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အကြိုဖြစ်တဲ့ Top Seed Open တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ဆုံးဖြတ်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။      

(သူရိန်)






အခြားဆက်စပ်သတင်းများ