နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)က နိုင်ငံတကာကြက်တောင်ပြိုင်ပွဲနှစ်ခု ဖျက်သိမ်း

ဇူလိုင်   ၁၉

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က    မြန်မာနိုင်ငံအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် နိုင်ငံတကာကြက်တောင် ပြိုင်ပွဲနှစ်ခုအပါအဝင် ပြိုင်ပွဲတစ်ချို့ရဲ့ ကျင်းပမည့်အစီအစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။ ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်ဟာ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိပြုလုပ်မည့် International Challenge ပြိုင်ပွဲနှင့် အောက်တိုဘာလ ၆ ရက်မှ ၁၁ ရက်အထိကျင်းပမည့် Future Series ပြိုင်ပွဲတို့ကို မြန်မာနိုင်ငံ၌ ကျင်းပရန်စီစဉ်ခဲ့သော်လည်း လက်ရှိတွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလဖြစ်သောကြောင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် မြန်မာနိုင်ငံမှာကျင်းပမယ့် ပြိုင်ပွဲနှစ်ခုအပါအဝင် Grade-3 အဆင့်ရှိပြိုင်ပွဲ များအားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ဟာ ယခုနှစ်နိုင်ငံတကာပြိုင်ပွဲတွေကို မတ်လမှစကာရပ်နားခဲ့ပြီး ရွှေ့ဆိုင်း ထားခဲ့တဲ့ Grade-2 နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတစ်ချို့ကိုတော့ ဩဂုတ်လမှာပြန်လည်ကျင်းပပေးမယ်လို့ သိရပါတယ်။  Grade-2 အဆင့်ပြိုင်ပွဲ ၂၀ ကျော်ကို ပြန်လည်ကျင်းပဖို့စီစဉ်ထားပေမယ့် အဲဒီပြိုင်ပွဲများရဲ့ ရလဒ်တွေကိုတော့ အိုလံပစ်ဝင်ခွင့်အတွက် ထည့်သွင်းမတွက်ချက်ဘူးလို့သိရပါတယ်။ တိုကျိုအိုလံပစ် ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲကာလကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှ မေ ၂ ရက်အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။
                                                                                                                                (SO)






အခြားဆက်စပ်သတင်းများ