နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းတပ်-မတူပီလမ်းပိုင်းမှ မင်းတပ်မြို့အတွင်းလမ်းပိုင်းတွင် မလွတ်ကင်း၍ နောက်ဆုတ်ပေးခဲ့ရသည့် နေအိမ်ဝင်းခြံဝန်းနှင့် လမ်းမကြီးအကြား ချောက်ဖြစ်နေသော နေရာများတွင် မြေကာနံရံများ ဆောင်ရွက်ပေးသွားမည်

မင်းတပ်    ဇူလိုင်    ၁၉

မင်းတပ်-မတူပီလမ်းသည် မိုင်တိုင်အမှတ်(၀/၀)မှ(၁၀၂/၀)အထိလမ်းအရှည်(၁၀၂)မိုင် သည်ပြည်ထောင်စု အစိုးရအဖွဲ့မှစီမံခန့်ခွဲသောလမ်းဖြစ်သည်။ အဆိုပါ လမ်း၏မိုင်တိုင် (၀/၀)မှ (၄/၀)အထိ လမ်းအရှည် လေးမိုင်သည် မင်းတပ်မြို့တွင်းလမ်းပိုင်းဖြစ်သည်။ အဆိုပါ မြို့တွင်းလမ်း၏ လက်ရှိအခြေအနေမှာမိုင်တိုင်(၀/၀)မှ(၂/၀)အထိနှစ်မိုင်ရှည်ပြီးပျမ်းမျှ အကျယ်(၃၂)ပေရှိ ကတ္တရာကွန်ကရစ်(AC)လမ်းဖြစ်သည်။ မိုင်တိုင်အမှတ်(၂/၀)မှ (၄/၀)အထိလမ်းအရှည်နှစ်မိုင်မှာ အကျယ်(၁၂)ပေသာရှိသည့်ကတ္တရာလမ်းဖြစ်သည်။

ထို့ကြောင့် မိုင်တိုင်(၂/၀)မှ (၃/၀)အထိ အကျယ် (၁၂) ပေမှ (၂၄) ပေအထိ ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက်လာမည့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လက်ရှိတွင် အဆိုပါ မြို့တွင်းလမ်းပိုင်း၏ လမ်းဘေးဝဲ/ယာ၌ လူနေအိမ်နှင့် ဌာနဆိုင်ရာရုံးအဆောက်အဦများလွတ်ကင်းသည့် မိုင်တိုင်(၀/၀)မှ(၂/၀)အတွင်းတွင် လမ်းတာပေါင် အကျယ်ပေ(၅၀)ရရှိသည့်အထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
သို့သော် ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ နေအိမ်များ၊ ဘဏ်များ၊ ဘုရားစေတီများရှိသည့် လမ်းအရှည် တစ်မိုင်အတွင်းလမ်း တာပေါင်ပျမ်းမျှအကျယ်(၂၈)ပေသာဆောင်ရွက်ထားခဲ့သည်။

 ထို့အတူ မိုင်တိုင်အမှတ်(၂/၀)မှ(၄/၀)အထိတွင်လည်း လမ်းတာပေါင်အကျယ် (၄၀)ပေအထိဆောင်ရွက်ထားပြီးဖြစ်သည်။ အဆိုပါ မင်းတပ်မြို့အတွင်းလမ်း တာချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းနယ်နိမိတ်နှင့်မလွတ်ကင်း၍ နောက်ဆုတ်ပေးခဲ့ရသည့် နေအိမ်/ခြံဝင်းများနှင့်လမ်းမကြီးအကြားချောက်ဖြစ်နေသော နေရာများတွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အရှည်(၁၀၀)ပေ၊ မြေကာနံရံ(၁၅)ခုနှင့်၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အရှည်(၁၀၀)ပေ၊ မြေကာနံရံ(၁၀)ခုဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် မင်းတပ်မြို့တွင်း လမ်းချဲ့ရာတွင် စိုက်ပျိုးရေးရုံး၏ ဘယ်ဘက်ခြမ်း ချောက်ကြီးနှင့် လျှပ်စစ်ရုံးရှေ့နေရာများတွင် Retaining Wall များ ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ