နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
“Entrepreneurship World Cup 2020" ပြိုင်ပွဲကျင်းပမည်

ရန်ကုန်   ဇူလိုင်    ၁၉

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပိုမို တိုးတက် စေရန်နှင့်နိုင်ငံတကာအတွေ့အကြုံများရရှိပြီး ပိုမိုအောင်မြင်သောလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ “Entrepreneurship World Cup 2020" ပြိုင်ပွဲကို National Organizer အဖြစ် စီစဉ်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ပြည်တွင်းရှိစွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် EWC Official Website Online Application (https://signup.entrepreneurshipworldcup.com/ewc/signup) မှတစ်ဆင့် ဩဂုတ်လ (၂) ရက်နေ့ နောက်ဆုံးထားပြီး ဝင်ရောက်လျှောက်ထားနိုင်ကြောင်းသိရသည်။
EWC 2020 သို့ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် category (၃) မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

1. Idea Stage
2. Early Stage
3. Growth Stage
လျှောက်ထားသူများထဲမှ ရွေးချယ်ခံရသည့် Shortlisted applicants များကို MYEA မှ Accelerate-1 Program အနေဖြင့် pitching training နှင့် mentoring များအား ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဩဂုတ်လ ဒုတိယ ပတ်တွင်အကဲဖြတ်ဒိုင်အဖြစ်လုပ်ငန်းရှင်၊ ပညာရှင် ဒိုင်လူကြီးများ က  National pitching ပြုလုပ်ကာ National Winner ကိုစိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။

National Winner ရရှိသူကို MYEA မှ ဆုငွေကျပ် (၁၅) သိန်း ချီးမြှင့်ပေးမည်ဖြစ်ပြီး Global EWC 2020 Top 100 ရွေးချယ်ပွဲသို့ Global finalist အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Global finalist များကို Global EWC မှ Accelerate-2 Program အနေဖြင့် Virtual Training Sessions များ၊ One to one Mentor program များပြုလုပ်ပြင်ဆင်ပေးပြီးနောက် Global EWC 2020 Top 100 ကို ထပ်မံရွေး ချယ်သွားမည်ဖြစ်ပြီး Global Finals ကို ၂၀၂ဝပြည့်နှစ်၊ အောက်တိုဘာလ (၁၈၊ ၁၉) ရက်နေ့များတွင် Riyadh, Saudi Arabia တွင် ကျင်းပြုလုပ်သွားမည်ဖြစ်သည်။

Global EWC 2020 Top 100 များထဲမှ အောက်ဖော်ပြပါ ဆုအမျိုးအစားများကိုလည်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။ ဆုအမျိူးအစားအနေဖြင့်
•Grand Prize Champion:$500,000
•2nd Place Winner: $250,000
•3rd Place Winner: $100,000
Three Stage Champions ဆုများ
• Idea Stage: $50,000
• Early Stage: $50,000
• Growth Stage: $50,000
Special Prize:
• Social Enterprise: $50,000
• EWC Service Awards: $700,000 in-kind services ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

EWC 2020 ပြိုင်ပွဲတွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းချုပ်မှ စီမံခန့်ခွဲရေး ကော်မတီဝင်များနှင့် MYEA ၏ EWC စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်ခြင်းကို ခွင့်မပြုဘဲ ကန့်သတ် ချက်အနေဖြင့် ပိတ်ပင်ထားကြောင်း သိရသည်။
EWC 2020 အကြောင်းအသေးစိတ်သိရှိလိုပါက  https://entrepreneurshipworldcup.com/ တွင် လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး MYEA Office (Hot Line) 01-2301573, 2301867,  09765000719 တို့ကိုလည်း ဆက်သွယ်စုံစမ်းနိင်ကြောင်း သိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ