နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Myanmar-Japan Investment Dialogueကို ၂၀၂ဝ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်တွင် ကျင်းပပြုလုပ်သွားမည်

ရန်ကုန်   ဇူလိုင်     ၁၉

  Myanmar-Japan Investment Dialogue ကို ၂၀၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၉ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဇူလိုင် ၁၈ ရက် ထုတ်ပြန်သတင်းများအရ သိရသည်။

အဆိုပါ Myanmar - Japan Investment Dialogue ကို COVID-19 ကာလအလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးတက်လာစေရေး၊ မြန်မာ-ဂျပန် စီးပွားရေးဆက်သွယ်မှုတိုးမြှင့်လာစေရေးတို့အတွက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ Myanmar Japan Investment Dialogue သို့ မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံ၊ နှစ်နိုင်ငံမှ အစိုးရအကြီးအကဲများနှင့်ဂျပန် နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အများအပြား တက်ရောက်ကြမည်ဖြစ်ပြီး တက်ရောက်ဦးရေ (၈၀၀) ကျော်ခန့်မှန်းထားသည်ဟု ပြောသည်။ အဆိုပါ ဆွေးနွေးပွဲကို Zoom စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။ ထို့ကြောင့် အဆိုပါ Myanmar -Japan Investment Dialogue ကို ကျင်းပြုလုပ်နိုင်ရေးအတွက် ၂၀၂ဝ ပြည့်နှစ်၊ ဇူလိုင် ၁၇ ရက်တွင် ဂျပန်သံရုံး (ရန်ကုန်)မှ Counsellor Mr. TAKIMI Kazuyukiနှင့် JETRO ရုံးမှတာဝန်ရှိသူများသည် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့်တာဝန်ရှိသူများကို လာရောက်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့သည်။
အဆိုပါ Myanmar Japan Investment Dialogue ကို ဂျပန်နိုင်ငံသံရုံး (ရန်ကုန်နှင့် ဂျပန်နိုင်ငံတကာ ကုန်သွယ်မှုအဖွဲ့ Japan External Trade Organization (JETRO)၊  အစိုးရဝန်ကြီးဌာနများမှပူးပေါင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ