ဇူလိုင် ၁၈
WBA စူပါဝယ်တာဝိတ်တန်းချန်ပီယံဟောင်း အမေရိကန်လက်ဝှေ့သမား ကိတ်သောမန်းက ဗြိတိန် လက်ဝှေ့သမား ကီလ်ဘရော့ခ်နှင့် ထိုးသတ်ရန်ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။
ကိတ်သောမန်းသည် ပက်ကွီအိုကို ရှုံးနိမ့်ခဲ့သည့်အတွက် WBA စူပါဝယ်တာဝိတ်တန်းချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ပြန်လည်ရယူလိုသောကြောင့် ကီလ်ဘရော့ခ်နှင့်ထိုးသတ်ရန် ပြင်ဆင် နေခြင်းဖြစ်သည်။
ကီလ်ဘရော့ခ်အနေဖြင့် WBO လိုက်မစ်ဒယ်ဝိတ်တန်းချန်ပီယံကို စိန်ခေါ်နိုင်သည့်အခွင့်အရေး ပိုင်ဆိုင်ထားသည့်အတွက် ကိတ်သောမန်းအနေဖြင့် ကီလ်ဘရော့ခ်ကို အနိုင်ရရှိခဲ့မည်ဆိုပါက ကမ္ဘာ့ ချန်ပီယံကို စိန်ခေါ်ခွင့်ရရှိမည်ဖြစ်သည်။
ကိတ်သောမန်းက “ကီလ်ဘရော့ခ်ဟာ ကျွန်တော့်အတွက်တော့ ပြိုင်ဘက်ကောင်းဆိုတာ ယုံကြပါတယ်၊ သူဟာ ဝယ်တာဝိတ်တန်းလောကမှာကျင်လည်တုန်းက အကောင်းဆုံးအစွမ်းပြခဲ့သူပါ၊ သူက အခုလောလော ဆယ်မှာ ပွဲထိုးသတ်ဖို့ တုံ့ပြန်လှုပ်ရှားမှုမရှိသေးတဲ့အတွက် ကျွန်တော့် ဆန္ဒပြည့်ဝမလားဆိုတာ ခန့်မှန်းရခက် နေပါတယ်”ဟု ပြောကြားခဲ့သည်။ ကိတ်သောမန်းသည် လက်ဝှေ့သမားဘဝသက်တမ်းတစ်လျှောက် စိန်ခေါ်ပွဲပေါင်း ၃၀ ထိထိုးသတ်ခဲ့ပြီး ပက်ကွီအို တစ်ဦးတည်းကိုသာ ရှုံးနိမ့်ထားသူဖြစ်သည်။
(သူရိန်)