နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
XiaomiMi Band 5 ကို ကမ္ဘာ့ဈေးကွက်ထဲဖြန့်ချိ

ဇူလိုင် ၁၈ 


XiaomiကMi Band 5 ကိုနိုင်ငံတကာဈေးကွက်တွင်Mi Smart Band 5 နာမည်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး နိုင်ငံတကာဗားရှင်းတွင် အချို့ features များဖြုတ်ခဲ့သည်။ Global Version တွင် NFC နှင့်XiaoAI assistance စနစ်လည်းမပါဝင်တော့ဘဲသွေးတွင်းအောက်ဆီဂျင်အခြေအနေကိုသိနိုင်မည့် SpO2 feature များလည်းဖယ်ရှားထားသည်။

Mi Smart Band 5 သည်၁ ဒသမ ၁ လက်မ AMOLED Display ဖြင့်ထွက်ရှိလာပြီး ၁၄ ရက်သက်တမ်းခံသည့် ဘက်ထရီပါဝါနှင့် လေ့ကျင့်ခန်းပေါင်း၁၁ခုကိုခြေရာခံနိုင်မည့် စနစ်ပါလာသည်။ အမျိုးသမီးကျန်းမာရေး ခြေရာခံစနစ်၊ နှလုံးခုန်နှုန်းစောင့်ကြည့်မှုနှင့် မီတာ ၅၀ အထိ ရေစိမ်ခံနိုင်မည့်နည်းပညာများပါဝင်လာသည်။

အိပ်စက်မှုနှင့်စိတ်ဖိစီးမှုအခြေအနေပါ တိုင်းတာနိုင်ပြီးအားသွင်းရာတွင် သံလိုက်အားသွင်းစနစ်လည်း အသုံးပြုထားပြီး တရုတ်ဗားရှင်းတွင် Display Themes ပေါင်း ၁၀၀ ကျော်ပါခဲ့ပြီး နိုင်ငံတကာဗားရှင်းတွင် Dynamic Display ၆၅ ခုထည့်ပေးထားသည်။ Mi Smart Band 5 သည်လက်ပတ်ကြိုး strap အရောင်အနေ ဖြင့်အနက်၊ အဝါ၊ နက်ပြာ၊ လိမ္မော်၊ စိမ်းပြာနှင့်ဖက်ဖူးစိမ်းအရောင်၅မျိုးဖြင့်ထုတ်ပေးထားသည်။

Xiaomi သည် Mi Smart Band 5 နှင့်အတူနာရီ၂၀အထိဆက်တိုက်အသုံးပြုနိုင်မည့်Mi True Wireless Earphones 2 Basic နားကြပ်ကိုလည်းကြေညာခဲ့သည်။ ယင်းအမျိုးအစားနှစ်မျိုးလုံးသည်တစ်ခုကိုယူရို ၄၀ (မြန်မာငွေ၆သောင်းကျော်) ဈေးဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။


(WP)






အခြားဆက်စပ်သတင်းများ