နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူများကို နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားချက်ထုတ်မည်မဟုတ်ဟု ဒေါ်နယ်ထရမ့်ပြော

ဝါရှင်တန်       ဇူလိုင်    ၁၈


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် အမေရိကန်ပြည်သူများကို နှာခေါင်းစည်း တပ်ဆင်ရန် ညွှန်ကြားမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ အမေရိကန်နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းပညာရှင် ဒေါက်တာအန်သိုနီဖော်စီက ပြည်နယ်ခေါင်းဆောင်များနှင့် ဒေသခံခေါင်းဆောင်များအနေဖြင့် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ကြစေရန် တတ်နိုင်သမျှ ကြပ်ကြပ်မတ်မတ် လမ်းညွှန်ကြရန် တိုက်တွန်းခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ နှာခေါင်းစည်း တပ်ဆင်ရန် အလွန်အရေးပါပြီး လူတိုင်း နှာခေါင်းစည်းတပ်ဆင်သင့်သည်ဟု အန်သိုနီဖော်စီက ပြောသည်။ သို့သော် အမေရိကန်နိုင်ငံတွင် နှာခေါင်းစည်း တပ်ဆင်မှုမှာ နိုင်ငံရေးကိစ္စနှင့်ဆက်နွှယ်နေပြီး ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက နှာခေါင်းစည်းမတပ်ဘဲ နေခဲ့ကြဖူးသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးအများစုက အိမ်ပြင်ထွက်လျှင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရန် ညွှန်ကြားထားသည်။ ဒေါ်နယ်ထရမ့်မှာလည်း ပြီးခဲ့သည့်စနေနေ့က လူမြင်ကွင်းသို့ ထွက်ချိန်တွင် ပထမဆုံးအကြိမ်အဖြစ် နှာခေါင်းစည်းတပ်ဆင်ခဲ့သည်။ သို့သော် နိုင်ငံတစ်ဝန်းတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး ညွှန်ကြားချက်ထုတ်ပြန်ရန် သဘောတူညီခြင်းမရှိဟု ဒေါ်နယ်ထရမ့်က ဆိုခဲ့ပြီး အချို့သူများအနေဖြင့် လွတ်လပ်ခွင့်ရရှိသင့်သည်ဟု ဆိုသည်။    

KNT






အခြားဆက်စပ်သတင်းများ