ဆစ်ဒနီ ဇူလိုင် ၁၈
ယခုလအစောပိုင်းက သြစတြေးလျနိုင်ငံမြောက်ပိုင်းတွင် အသက်ငါးနှစ်အရွယ် ယောကျာ်းလေးတစ်ဦးကို အခြားကလေးငယ် ၃ ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။ ဇူလိုင်လ ၁ ရက် ဒေသစံတော်ချိန် ည ၇ နာရီအချိန်က ကွင်းစ်လန်းဒေသ၏ ဝေးလံခေါင်သီသည့် နာပရာနမ်မြို့ ကမ်းခြေ၌ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဟု ကွင်းစ်လန်းရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ အဓမ္မကျင့်ခဲ့သည်ဆိုသည့် ယောကျာ်းလေး ၃ ဦးမှာ အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြား အရွယ်ရှိသူများဖြစ်ရာ ငယ်ရွယ်သူဆိုင်ရာ တရားမျှတမှုအက်ဥပဒေ၏ စီမံချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ဌာနေတိုင်းရင်းသားများနှင့် တောရက်စ်ရေလက်ကြားကျွန်းတွင် နေထိုင်သူများ အခြေချသည့် နာပရာနမ်မြို့တွင် ဌာနေတိုင်းရင်းသား ၁၀၀၀ နီးပါးရှိသည်။ ၂၀၀၆ ခုနှစ်ကလည်း နာပရာနမ်မြို့တွင် ၁၁၈ မိုင်ကွာဝေးသည့် အူရူခန်မြို့တွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်ကို အမျိုးသား ၃ ဦးနှင့် ကလေးငယ် ၆ ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်တွင် ကျူးလွန်သူများကို ဆိုင်းငံ့ထောင်ဒဏ်သာ ချမှတ်ခဲ့ရာ သြစတြေးလျနိုင်ငံတစ်ဝန်း နာကျည်းခံပြင်းဖြစ်စေခဲ့သည်။ သို့သော် မိန်းကလေးငယ်ကိုယ်တိုင်က လိင်ဆက်ဆံရန် သဘောတူညီခဲ့ဖွယ်ရှိခြင်းကြောင့် ယင်းတို့လူစုကို ထောင်ဒဏ်မချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီးက ပြောသည်။
KNT