နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် (တိုင်ပေ) လွှတ်တော်အတွင်း အမတ်အချင်းချင်း ထိုးကြိတ်မှုဖြစ်ပွား

တိုင်ပေ    ဇူလိုင်    ၁၈


အစိုးရ၏ ထိပ်တန်းစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ရွေးချယ်မှုနှင့်ပတ်သက်၍ တရုတ်(တိုင်ပေ)လွှတ်တော်ခန်းမအတွင်း လွှတ်တော်အမတ်အချင်းချင်း ထိုးကြိတ်မှုများ၊ ရေပူဖောင်းနှင့်ပစ်ပေါက်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ ရက်သတ္တနှစ်ပတ်အတွင်း တရုတ်(တိုင်ပေ)လွှတ်တော်တွင် သုံးကြိမ်မြောက် ခိုက်ရန်ဖြစ်ပွားမှုဖြစ်သည်။ အစိုးရဌာနများကို စောင့်ကြည့်သည့် စုံစမ်းစစ်ဆေးရေးအေဂျင်စီ(Control Yuan)ကို ဦးဆောင်ရန် အာဏာရပါတီ(Democratic Progressive Party – DPP)၏ ပါတီဝင်လွှတ်တော်အမတ် ချင်ချူကို အမည်စာရင်းတင်သွင်းခဲ့သည်။

ချင်ချူကို ခန့်အပ်မည့်ကိစ္စနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ချိန်တွင် DPP ပါတီ၏ လွှတ်တော်အမတ်တစ်ဦးက အတိုက်အခံပါတီဝင်လွှတ်တော်အမတ်ကို ထိုးကြိတ်ခဲ့ကြောင်း တွေ့ရသည်။ ထို့နောက်တွင် ကူမင်တန်ပါတီဝင် လွှတ်တော်အမတ်များက လွှတ်တော်ဥက္ကဋ္ဌစင်မြင့်ထက်သို့ ရေပူဖောင်းများနှင့်ပစ်ပေါက်ခဲ့ကြသည်။ ထို့ကြောင့် DPP ပါတီဝင်များက ပလတ်စတစ်မိုးကာများဝတ်ဆင်ပြီး ကတ်ပြားများဖြင့် ကာကွယ်ခဲ့ရသည်။ တရုတ်(တိုင်ပေ)လွှတ်တော်မှာ ရန်ပွဲများဖြစ်ပွားလေ့ရှိပြီး ဆန္ဒပြမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ Control Yuan အဖွဲ့အတွက် ရွေးချယ်ထားသူ ၂၇ ဦးအနက်  ၂၄ ဦးမှာ DPP ပါတီနှင့်နီးစပ်သူများဖြစ်ပြီး အဆိုးရွားဆုံးရွေးချယ်မှုဖြစ်သည်ဟု ကူမင်တန်ပါတီက ဝေဖန်ခဲ့သည်။


ကူမင်တန်ပါတီ အုပ်ချုပ်ခွင့်ရခဲ့ပြီး တရုတ်(တိုင်ပေ)ကို အာဏာရှင်စနစ် ကျင့်သုံးခဲ့စဉ်က ချင်ချူမှာ လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်ပြီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရဖူးသည်။ ဇူလိုင်လ ၁၇ ရက်က တရုတ်(တိုင်ပေ)လွှတ်တော်အတွင်း ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း မဲပေးမှုကို ဆက်လက်ကျင်းပခဲ့ပြီး ချင်ချူကို Control Yuan အဖွဲ့ခေါင်းဆောင်အဖြစ် အတည်ပြုခဲ့သည်။ ချင်ချူမှာ Control Yuan အဖွဲ့ခေါင်းဆောင်အဖြစ် အတည်ပြုပြီးနောက် ဘက်လိုက်မှုကင်းရှင်းစေရန်အတွက် DPP ပါတီမှ နုတ်ထွက်မည်ဟု ဆိုသည်။         

 KNT






အခြားဆက်စပ်သတင်းများ