နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်၏တူမဖြစ်သူရေးသည့်စာအုပ် စတင်ဖြန့်ချိသည့်နေ့တွင် အုပ်ရေတစ်သန်းနီးပါး ရောင်းချရဟုဆို

ဝါရှင်တန်   ဇူလိုင်    ၁၈


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ တူမဖြစ်သူ ရေးသားထားသည့် စာအုပ်သစ်မှာ အမေရိကန်နိုင်ငံတွင် စတင်ရောင်းချသည့် ပထမဆုံးနေ့တွင် အုပ်ရေတစ်သန်းနီးပါး ရောင်းချခဲ့ရသည်ဟု ထုတ်ဝေသူက ပြောသည်။ ရလေလိုလေ အိုတ‌ေစ္ဆ၊ ကျွန်မတို့မိသားစုက ကမ္ဘာ့အန္တရာယ်အရှိဆုံးအမျိုးသားကို မွေးထုတ်မိခဲ့တဲ့အကြောင်း (Too Much and Never Enough: How My Family Created the World’s Most Dangerous Man)ဟု အမည်ပေးထားသည့် စာအုပ်မှာ ဒေါ်နယ်ထရမ့်ရဲ့ပုံရိပ်ကို မိသားစုအတွင်းလူတစ်ဦးက ကွက်ကွက်ကွင်းကွင်း ရေးသားပုံဖော်သည့် ပထမဆုံးစာအုပ်ဖြစ်သည်။ စာအုပ်ရေးသားသူ မေရီထရမ့်မှာ စိတ်ရောဂါပညာရှင်တစ်ဦးဖြစ်သည်။ မေရီထရမ့်၏အဖေမှာ ဒေါ်နယ်ထရမ့်၏ အစ်ကိုအကြီးဆုံး ဖရက်ဒ်ဖြစ်သည်။


ဒေါ်နယ်ထရမ့်မှာ မောက်မာထောင်လွှားသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပီတိဖြစ်နေသူတစ်ဦး၏ လက္ခဏာမျိုးရှိသည်ဟု ယင်းက ဆိုသည်။ ပြီးခဲ့သည့်အင်္ဂါနေ့က ယင်း၏စာအုပ်ကို စတင်ဖြန့်ချိချိန်တွင် အော်ဒီယို၊ ဒစ်ဂျစ်တယ်ဗားရှင်းများနှင့် အကြိုမှာယူမှုများအပါအဝင် အုပ်ရေ ၉၅၀၀၀၀ ရောင်းချခဲ့ရပြီး အဆိုပါပမာဏမှာ ဆိုင်မွန်နှင့် ရှူးစတားစာအုပ်တိုက်၏ စံချိန်တင်ရောင်းချရမှုဖြစ်သည်။ သို့သော် အဆိုပါစာအုပ်မှာ အလိမ်အညာများကို ရေးသားထားသည့်စာအုပ်ဖြစ်သည်ဟု အိမ်ဖြူတော်က မှတ်ချက်ပေးခဲ့သည်။ ဒေါ်နယ်ထရမ့်၏ညီဖြစ်သူ ရောဘတ်ထရမ့်က ထိုစာအုပ်မထွက်နိုင်စေရန် တရားရုံးတွင် သွားရောက်ရင်ဆိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ထပ်မှာယူမှုများ ရရှိထားခြင်းကြောင့် အမေရိကန်ဈေးကွက်တစ်ခုတည်းတွင် အုပ်ရေ ၁.၁၅ သန်း ရောင်းချရဖွယ်ရှိနေပြီး ကနေဒါနှင့်သြစတြေးလျနိုင်ငံများတွင် အမေဇုန်၏ ရောင်းအားအကောင်းဆုံးစာအုပ်စာရင်း၌လည်း နံပါတ်(၁) ‌နေရာ ရပ်တည်နေသည်။   

  KNT






အခြားဆက်စပ်သတင်းများ