နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှိန်မထိန်းနိုင်သည့် ၆ ဘီးယာဉ်မှ မောင်းနှင်နေသည့် ဆိုင်ကယ်၊ စက်ဘီးနှင့် ရပ်ထားသော ဘေးတွဲဆိုင်ကယ်အား ဝင်တိုက်

မတ်လ ၂ ရက်၊ နေ့လယ် ၃ နာရီ ၁၅ မိနစ်အချိန် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ ငပလီလမ်းဆုံမီးပွိုင့်၌ ခင်မောင်စိုး (၂၄ နှစ်)မောင်းနှင်သော RKE 2A/-----Dyna ၆ ဘီးယာဉ်သည် အရှိန် မထိန်းနိုင်ဘဲအချက်ပြမီးနီအားဖြတ်ကာဖြိုးထက်အောင်(၁၈ နှစ်)မောင်းနှင်ပြီးရဲဇော်နိုင်(၁၈ နှစ်)လိုက်ပါလာသော ဆိုင်ကယ်နှင့် မောင်ဝင်းအေး(၁၁ နှစ်) စီးနင်းလာသောစက်ဘီးတို့အား ဝင်ရောက်တိုက်မိကာဝဲဘက်လမ်းဘေးတွင် ရပ်ထားသောဇော်လင်းအောင်(၃၅ နှစ်) ထိုင်နေသည့် ဘေးတွဲဆိုင်ကယ်နှင့် ဆိုင်ကယ် ၁ စီးတို့အား ထပ်မံတိုက်မိခဲ့ပြီးအနီးရှိ မွန်မလေး(၃) စားသောက်ဆိုင်အုတ်နံရံအား တိုက်မိရပ်တန့်သွားခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဖြိုးထက်အောင်နှင့်မောင်ဝင်းအေး တို့ ၂ ဦးတွင် ဦးခေါင်းကြေမွ/ဝမ်းဗိုက်အူထွက်ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ပြီးရဲဇော်နိုင်နှင့်ဇော်လင်းအောင်တို့ ၂ ဦးတွင် ဦးခေါင်း/ ဝဲပေါင်/ယာတံတောင်ဆစ် ပေါက်ပြဲဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ သံတွဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိသည်။ အဆိုပါ ယာဉ်မောင်းခင်မောင်စိုး(ဖမ်းမိ)အား ဂျိတ္တောနယ်မြေရဲစခန်း၊ ယာဉ်(ပ)၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉(ပေါ့ လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန်နာကျင်စေမှု/ ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ