နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီသီယိုးပီးယားနိုင်ငံ၏ ဆည်ရေဖြည့်သည့်လုပ်ရပ်ကို ဆူဒန်နိုင်ငံ ရှုတ်ချ

အဲဒစ်အဘာဘာ၊ ဇူလိုင် ၁၇


အီသီယိုးပီးယားနိုင်ငံ၏ Grand Renaissance ဆည် အနောက်ဘက်ရှိ ရေလှောင်တမံကို ရေဖြည့်နေ ချိန်တွင် နိုင်းမြစ်ရေမျက်နှာပြင် ကျဆင်းခဲ့သည်ဟု ဆူဒန်နိုင်ငံက ထုတ်ပြောခဲ့ပြီး ယခုကဲ့သို့ တစ်ဖက်သတ်ဆန် သည့်လုပ်ရပ်ကို ရှုတ်ချကြောင်း ဝေဖန်ခဲ့သည်။ အီဂျစ်နိုင်ငံကလည်း အီသီယိုးပီးယားနိုင်ငံအနေဖြင့် ယခုလုပ်ရပ် နှင့်ပတ်သက်၍ အချိန်တိုအတွင်း တရားဝင်ဖြေရှင်းချက် ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။ 


အီသီယိုးပီးယားနိုင်ငံ၏ ဧရာမဆည်ကြီးကြောင့် နိုင်းမြစ်အောက်ပိုင်းရှိ ယင်းတို့၏ နိုင်ငံများထံ ရေစီးဆင်းမှုလျော့နည်းသွားမည်ကို ဆူဒန်နှင့် အီဂျစ်နိုင်ငံများက စိုးရိမ်နေသည်။ ရေအားလျှပ်စစ်စီမံကိန်းမှာ ယင်းတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လျှပ်စစ်ဓာတ်အားပေးဝေမှု တိုးတက်လာရေးအတွက် အဓိကကျ သည်ဟု အီသီယိုးပီးယားနိုင်ငံက သတ်မှတ်ထားသည်။ 


ယခုရက်သတ္တပတ်အစောပိုင်းက အမေရိကန်ဒေါ်လာ ၄ ဘီလျံ တန်ကြေးရှိသည့် Grand Ethiopian Renaissance Dam စီမံကိန်းနှင့်ပတ်သက်၍ အီသီယိုးပီးယား၊ ဆူဒန်၊ အီဂျစ် စသည့် နိုင်ငံ ၃ နိုင်ငံ၏ အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှုမရခဲ့ပေ။ အီသီယိုးပီးယားနိုင်ငံက ဆည်ကို ရေဖြည့်နေခြင်း မဟုတ်ကြောင်း၊ ဆည်၏ဂိတ်တံခါးများကို ပိတ်ထားခြင်းမရှိကြောင်း သတင်းဖော်ပြခဲ့သော်လည်း နောက်ပိုင်း တွင် အီသီယိုးပီးယားနိုင်ငံပိုင်မီဒီယာက အဆိုပါဖော်ပြချက်အတွက် ပြန်တောင်းပန်ခဲ့သည်။ 


ကုဗမီတာ ၇၄ ဘီလျံ ဝင်ဆံ့သည့်ဆည်ကို ရေအပြည့်ဖြည့်ရန် ၅ နှစ်မှ ၇ နှစ်ကြား အချိန်ယူရမည်ဟု အီသီယိုးပီးယားနိုင်ငံက ပြောသည်။ အဆိုပါပမာဏပြည့်၍ ရေပြန်လွှတ်ပေးမယ်ဆိုပါက ၁၅၅ မိုင် ရှည်လျား သည့် ရေစီးကြောင်းမျိုး ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။                                                                         


KNT






အခြားဆက်စပ်သတင်းများ