နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးနိုင်ငံ၏ အမေဇုန်ဒေသတွင် ကိုဗစ်ကြောင့် သေဆုံးသူများပြီး အခေါင်းရှားနေ၍ တွင်းကြီးများတူးပြီး မြေမြှုပ်နေရ

ဘရာစီလီယာ၊ ဇူလိုင် ၁၇


ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူ ၇၄၀၀၀ ကျော် ရှိလာခဲ့သည်ဟု တရားဝင်ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ ဘရာဇီးနိုင်ငံမှာ အမေရိကန်နိုင်ငံပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံစားရသည့်နိုင်ငံအဖြစ် ရပ်တည်နေသည်။ သို့သော် ရောဂါစစ်ဆေးမှုပမာဏ နည်းပါးခြင်းကြောင့် အမှန်တကယ် ကူးစက်ခံရသူပမာဏမှာ ပိုများဖွယ်ရှိ သည်ဟု ကျွမ်းကျင်ပညာရှင်များက ယုံကြည်ထားကြသည်။


အမေဇုန်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ရပြီး အခေါင်းများ ပြတ်လပ် သွားနိုင်သည့် အခြေအနေရှိနေသည်ဟု အရာရှိများက သတိပေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မြင့်တက်လာခြင်းကြောင့် တွင်းကြီးများတူးပြီး မြေမြှုပ်သင်္ဂြိုဟ်နေရသည်။ အမေဇုန်ဒေသ၏ ဆင်းရဲမွဲတေမှု၊ အာဟာရပြတ်လပ်မှုများကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရန် ကြီးမားသည့်စိန်ခေါ်မှုဖြင့် ရင်ဆိုင်နေရသည်။ ကိုရိုနာဗိုင်းရပ်စ်ကို သာမန်တုပ်ကွေးရောဂါမျှသာ သဘောထားသည်ဟု ပြောခဲ့သည့် ဘရာဇီးသမ္မတ ဘော်ဆိုနာရိုမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်။ သည် ရေစီးကြောင်းမျိုး ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။                                                                                                    


KNT






အခြားဆက်စပ်သတင်းများ