နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုလစ်ဗီးယားနိုင်ငံမှ ပြည့်တန်ဆာများက ပိုးသတ်မိုးကာများဝတ်ပြီး လုပ်ငန်းခွင်ပြန်ဝင်မည်ဟု ဆို

ဆူခရီ၊ ဇူလိုင် ၁၇


ဘိုလစ်ဗီးယားနိုင်ငံရှိ ပြည့်တန်ဆာအများအပြားက လက်အိတ်များ၊ ပိုးသတ်ထားပြီး ဖောက်ထွင်းမြင်ရသည့် မိုးကာအင်္ကျီများ ဝတ်ဆင်၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မည်ဟု ဆိုသည်။ ဘိုလစ်ဗီးယားနိုင်ငံ ညဉ့်လုပ်သားများ အဖွဲ့အစည်း(Organisation of Night Workers of Bolivia)မှ လမ်းညွှန်ထားသည့် သတ်မှတ်ချက် များမှာ အားလုံးကို ဘေးကင်းလုံခြုံစေမည်ဟု ယင်းတို့က ဆိုသည်။


ဘိုလစ်ဗီးယားနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားကာ လိုင်စင်ထုတ်ပေးပြီး စည်းမျဉ်းချမှတ်ထားသည်။ ဘိုလစ်ဗီးယားနိုင်ငံမှာ ပြီးခဲ့သည့်မတ်လက ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးခဲ့သည်။ သို့သော် ပြည့်တန်ဆာ လုပ်ငန်းများအပါအဝင် လုပ်ငန်းအချို့ကို နေ့ဘက်များနှင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်များတွင် ကန့်သတ်ထားသည်။ 

ဘိုလစ်ဗီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀၀၀ နီးပါးရှိနေပြီး လူ ၁၈၉၈ ယောက် သေဆုံးခဲ့သည်။ ဘိုလစ်ဗီးယားနိုင်ငံ၏ ယာယီသမ္မတ အေနက်ဇ်ချာဗက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရသည်။


KNT






အခြားဆက်စပ်သတင်းများ