နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်ဆေးတီထွင်နေသည့် အဖွဲ့များကို ပစ်မှတ်ထားပြီး ရုရှားသူလျှိုများက ဆိုက်ဘာတိုက်ခိုက်နေဟု ဆို

လန်ဒန် ဇူလိုင် ၁၇


ရုရှားနိုင်ငံ၏ သူလျှိုများက ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံများရှိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တီထွင်ဖန်တီးရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းများကို ပစ်မှတ်ထားနေသည်ဟု လုံခြုံရေးအဖွဲ့များက သတိပေးခဲ့သည်။ ဟက်ကာများက ရုရှားနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ တစ်စိတ်တပိုင်းအဖြစ် လှုပ်ရှားနေ ကြောင်း သေချာလုနီးပါးဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ(NCSC)က ပြောသည်။ သို့သော် မည်သည့်အဖွဲ့အစည်းများကို ပစ်မှတ်ထားခဲ့သည်ဆိုခြင်းနှင့် သတင်းအချက်အလက်များ ခိုးယူခဲ့ခြင်း ရှိ၊ မရှိ ဆိုခြင်းကို ခွဲခြားဖော်ပြခဲ့ခြင်းမရှိပေ။


ဟက်ကာများ၏လုပ်ရပ်ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးသုတေသနများကို နှောင့်နှေးကြန့်ကြာ စေခဲ့ခြင်း မရှိကြောင်း NCSC က ပြောသည်။ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုများမှာ ယင်းတို့နှင့်သက်ဆိုင်ခြင်း မရှိကြောင်း ရုရှားနိုင်ငံက ငြင်းဆန်ထားသည်။ 


ဟက်ကာများက ဆော့ဖ်ဝဲ ချွတ်ယွင်းချက်ကိုရှာဖွေပြီး အားနည်းချက်ရှိနေသည့် ကွန်ပျူတာစနစ်ထဲသို့ ဝင်ရောက်ကာ WellMess နှင့် WellMail ဟု ခေါ်သည့် malware ( ကွန်ပျူတာစနစ်ကို တိုက်ခိုက်သည့်ဆော့ဖ်ဝဲ)ကို Upload လုပ်ပြီး ကွန်ပျူတာထဲမှ ဖိုင်များကို ရယူခဲ့ကြခြင်းဟု ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါအေဂျင်စီများ က ပြောသည်။


KNT






အခြားဆက်စပ်သတင်းများ