နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်မွေးတိရစ္ဆာန်နှင့် ဗိုင်းရပ်စ်အန္တရာယ်

ရန်ကုန်၊ ဇူလိုင် ၁၇


တိုးတက်လာသော လူနေမှုစနစ်နှင့်အညီ နေအိမ်များ၌ အိမ်မွေးတိရစ္ဆာန်များ မွေးမြူလာကြသည်။ အများဆုံးမွေးမြူကြသည့် တိရစ္ဆာန်များမှာ ခွေး၊ ကြောင်နှင့် ကျေးငှက်တို့ဖြစ်ကြသည်။ ထိုအိမ်မွေးတိရစ္ဆာန် များသည် လူနှင့်အနီးကပ်ဆုံးသတ္တဝါများဖြစ်ကြသဖြင့် စနစ်တကျမွေးမြူတတ်ကြရန် အရေးကြီးသည်။ တိရစ္ဆာန်တို့၏ ဗိုင်းရပ်စ်ပိုးများ လူကိုကူးစက်ခံရပါက လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်သည်။


အထူးသဖြင့် အလှမွေးခွေးအမျိုးမျိုး မွေးမြူကြရာတွင် သတိပြုဖို့လိုသည်။ ခွေးများတွင် အဓိကအားဖြင့် ခွေးရူးရောဂါများဖြစ်ပွားတတ်သည်။ ခွေးရူးရောဂါသည် ခွေးများတွင်သာမက ကြောင်များတွင်လည်းဖြစ်ပွား တတ်ကြောင်း သတိပြုရပေသည်။ ရောဂါဖြစ်ပွားနေသော ခွေး၊ ကြောင် အစရှိသည့် အိမ်မွေးတိရစ္ဆာန်များ လူကို အကိုက်ခံရပါက ယင်းတို့တွင်ရှိသော ဗိုင်းရပ်စ်များ လူ၏ခန္ဓာကိုယ်အတွင်းရောက်ရှိသွားပြီး အသက်ဆုံးရှုံးရ သည်အထိ ဖြစ်နိုင်သည်။ 

ခွေးရူးပြန်ရောဂါသည် ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုး (Rabies Virus) ကြောင့်ဖြစ်ပွားပြီး တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်ရောဂါပိုးသည် ရောဂါကနဦးဖြစ်ပွားနေသော သွေးနွေးသတ္တဝါတိရစ္ဆာန်များ ဥပမာ ခွေး၊ ကြောင်၊ လင်းနို့စသည်တို့၏ တံတွေးထဲတွင်ရှိနေကာ ထိုတိရစ္ဆာန် များက လူ၏အရေပြားအား ကုတ်ခြစ်ခြင်း၊ ကိုက်ခြစ်ခြင်းဖြင့် ကူးစက်စေသည်။ ယင်းတိရစ္ဆာန်များ၏ တံတွေးများသည် လူ၏ပွန်းပဲ့ပြတ်ရှသော အရေပြား (သို့မဟုတ်) မျက်စိ၊ ပါးစပ်၊ နှာခေါင်းတို့၏အတွင်းသားများ ကို တိုက်ရိုက်ထိတွေ့မိခြင်းမှ တစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။ အရှေ့တောင်အာရှဒေသများတွင် ခွေးရူးပြန် ရောဂါဖြစ်ပွားခြင်း၏ ၉၆ ရာခိုင်နှုန်းသည် ခွေးကိုက်ခြင်းကြောင့်ဖြစ်သည်။


အိမ်မွေးတိရစ္ဆာန်မွေးမြူမည်ဆိုပါလျှင် တိရစ္ဆာန်များကို တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့်ပြသပြီး ခွေးရူးပြန် ရောဂါကာကွယ်ဆေးနှင့် အခြားရောဂါကာကွယ်ဆေးထိုးနှံပေးရန် အရေးကြီးသည်။ အိမ်မွေးတိရစ္ဆာန် မွေးမြူသူတိုင်း သတိပြုရမည့်အချက်မှာ တိရစ္ဆာန်များနှင့်အရောတဝင် မပြုလုပ်ရန် အရောတဝင်ပြုလုပ်မိပါက အမှတ်မထင်လူကိုကိုက်တတ်ကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်များက အသိပေးလျက်ရှိသည်။


ထိုကဲ့သို့အကိုက်ခံရပါက ဒဏ်ရာကိုသေချာစွာသန့်စင်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စနစ်တကျကုသသင့် ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။ ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေး ကို ၂၄ နာရီအတွင်း စနစ်တကျစတင်ထိုးနှံပြီး သတ်မှတ်ရက်အတိုင်း အကြိမ်ပြည့်ဆက်လက်ထိုးနှံခြင်း ဖြင့် ခွေးရူးပြန်ခြင်းကို ထိရောက်စွာကာကွယ်နိုင်သည်။ အိမ်မွေးတိရစ္ဆာန်ဖြစ်သော ခွေးများကိုစနစ်တကျ မှတ်ပုံတင်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး မွေးမြူကြရန်လိုအပ်ပါကြောင်း ။           ။






အခြားဆက်စပ်သတင်းများ