နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မောင်တောမြို့နှင့် သီပေါမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

မတ်လ ၂ ရက်၊ ညနေ ၅ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်း အရ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်၊ ဦးဉတ္တမလမ်းတွင် ရပ်တန့်ထားသောဟိုင်းလတ်အမျိုးအစားမော်တော်ယာဉ်ပေါ်သို့ ဆော်ဒူလာမိန်မှ ဆာလာအိတ်များတင်ဆောင်နေသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာအဆိုပါအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၉၄၀,၉၆၀ ပြားသိမ်းဆည်းရမိခဲ့သဖြင့် ဆော်ဒူလာမိန်(၂၁ နှစ်)အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်းသိရသည်။ အလားတူမတ်လ ၂ ရက်၊ နေ့လယ် ၃ နာရီခွဲအချိန် နမ့်လန် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ မြောက်ပိုင်းရပ်ကွက်နေ အိုက် သန်းလေး(ခ) ဆန်းထွန်း၏ နေအိမ်ကို ရှာဖွေရာအိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ပြားနှင့် မြန်မာငွေကျပ် ၁၅၀,၀၀၀ တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် အိုက်သန်းလေး(ခ) ဆန်းထွန်း (၃၁ နှစ်)အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်းသိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ